By Western News/ 2021 February 13
ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့မှစ၍ ၅ ရက်ဆက်တိုင် ဆန္ဒထုတ်ဖော်ကြရာ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ပညာရေးဝန်ထမ်းများလည်း ပူးပေါင်းပါဝင်လာသည်။
စစ်အာဏာရှင်အလိုမရှိကြောင်း ကျိန္တလီမြို့ရှိ ပြသူ ၁ ထောင်ခန့်က နံနက် ၉ နာရီခန့်မှ နေ့လည် ၁၂ နာရီခန့်ထိ ပြည်သူ ၁၀၀၀ ခန့် မြို့ထဲလှည့်လည်ကြ ဆန္ဒထုတ်ဖော်ကြရာတွင် ပညာရေးထန်ထမ်း ၅၀ ခန့်ကလည်းပူးပေါင်းပါဝင်လာကြခြင်းဖြစ်ကြောင်း ဆန္ဒပြပါဝင်သူများကပြောသည်။
ကျိန္တလီမြို့တွင် စစ်အာဏာရှင်စနစ်အလိုမရှိကြေင်း ဆန္ဒထုတ်ဖော်နေသည်မှာ ၅ ရက်မြောက်ရှိပြီးဖြစ်သော်လည်း လက်ရှိအချိန်ထိ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများက တစ်စုံတစ်ရာ လုံခြုံရေးယူထားခြင်းများမရှိသေးဟုသိရသည်။
https://www.facebook.com/102405104899336/posts/230151115458067/