By Western News / February 19 / 2021

Western News- ဖေဖော်ဝါရီလ ၁၉ ရက်
ရခိုင်ပြည်နယ်၌ ကိုဗစ်ကြောင့် ပိတ်ထားခဲ့သာပြည်တွင်း ရေကြောင်းခရီးစဉ် အမြန်ရေယာဉ်လိုင်းများကို ပြန်လည်ပြေးဆွဲနိုင်ရန်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီထံသို့ အမြန်ရေယာဉ်များပြန်လည်ပြေးဆွဲခွင့်ပြုရန် စာတင်ခဲ့သော်လည်း အကြောင်းမပြန်သေးကြောင်းရွှေပြည်တန် အမြန်ရေယာဉ်မှာ မန်နေဂျာဦးစံမော်သိန်း က Western News သို့ပြောသည်။
“ ကိုဗစ်ရောဂါ နဲ့ပတ်သက်လို့ ရပ်နားထားရတဲ့ ရခိုင်ပြည်တွင်း ရေကြောင်း ရွှေပြည်တန် အမြန်ရေယာဉ်ပြန်ဆွဲနိုင်ဖို့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီထံ စာတင်ထားခဲ့ပေမယ့် အကြောင်းမပြန်သေးဘူး၊ အစကတော့ သိပ်ကြာလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ၁၇/ ၁၈ ရက်နေ့လောက်ဆို ခွင့်ပြုစာ ကျမယ်လို့ထင်ခဲ့တာ၊ အခုက ဘယ်နေ့ ကျမလဲဆိုတာ မခန့်မှန်းနိုင်သေးပါဘူး၊ အခုလို ရပ်နားထားရတော့ ကျွန်တော်တို့နဲ့ အတူ ခရီးသွားပြည်သူတွေ အားလုံးကအခက်အခဲတွေနဲ့ ကြုံနေကြရတာပေါ့။ ဒါပေမယ့် အထက်ကလူကြီးတွေအနေနှဲ့ အကောင်းဆုံးလုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့တော့ ကျွန်တော်တို့ မျော်လင့် နေပါတယ်” ဟု ပြောသည်။
ထို့အတူ ကိုဗစ်ကြောင့် ပြေးဆွဲခွင့်ပိတ်ထားခဲ့သော မင်းပြား၊ ပေါက်တော၊ စစ်တွေ ရေကြောင်း အမြန်ရေယာဉ်လိုင်းများ ပြန်လည်ဖွင့်လှစ်ရန် လှစ်ရန် သက်ဆိုင်ရာသို့ စာတင်ထားခြင်း မရှိသေးသော်လည်း မကြာမီဖွင့်လှစ်နိုင်မည်လို့ မျှော်လင့်နေသည်ဟု အဉ္စနနဒီ အမြန်ရေယာဉ် ရှာယ်ယာ လုပ်ငန်းရှင် ဦးဇော်မင်းက Western News သို့ပြောသည်။
“ ရေယာဉ်တွေ ပြန်ဆွဲဖို့ကိစ္စနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ အစိုးရဆီမှာ စာတင်ထားတာမျိုး မလုပ်ဖြစ်သေးပါဘူး၊ ဒါပေမယ့် ကိုဗစ်တွေ မရှိသလောက်ဖြစ်နေတဲ့ အခုလိုအချိန်မှာ ပြန်ဖွင့်ဖို့ အားယူနေကြတယ်၊ သက်ဆိုင်ရာ အစိုးရဌာက ခွင့်ပြုချက်ခွင့်ပြုချက်မရတော့ ရပ်နားထားရတာပေါ့ ၊ရေကြောင်းလမ်းကို အဓိထားပြီး လုပ်ကိုင်နေရတဲ့အတွက် အဲဒီပြန်ဖွင့် မယ့်နေ့ ကိုဘဲ မျော်လ င့်နေရတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၁ ရက် နေ့မှယနေ့ ဖေဖော်ဝါရီလ ၁၉ ရက် နေ့အထိ အမြန်ရေကြောင်းရေယာဉ်လိုင်းများ ရပ်နားထားသည်မှာ ၆ လခန့်ရှိနေပြီဖြစ်သောကြောင့် ရေကြောင်းခရီးကို အဓိကထား လုပ်ဆောင်နေရသော ခရီးသွားပြည်သူများနှင့်် အမြန်ရေယာဉ်လုပ်ငန်းရှင်များမှာ အခက်အခဲရှိနေကြပြီး အမြန်ရေယာဉ်လိုင်းများ ပြန်လည်ဆွဲရန်လိုလားနေကြောင်းသိရသည်။
ယခင်က ရခိုင်ပြည်၌ ရခိုင်ပြည်တွင်း ခရီးသွားလာရေးအတွက် လေကြောင်း၊ ရေကြောင်း ၊ ကုန်း ကြောင်း၊ ပုံမှန်ပြေးဆွဲနိုင်ခဲ့သော်လည်း ယခုအချိန်တွင် လေကြောင်းလမ်းကို ကိုဗစ်ကြောင့် ပိတ်ထားခဲ့ခြင်းမှ ပြန်လည်ဖွင့်လှစ်ခြင်းမရှိဘဲ ရပ်နားထားဆဲဖြစ်သည်။
ရခိုင်ပြည်အတွင်းပြေးဆွဲနေခဲ့သည့် အမြန်ရေယာဉ်လိုင်းများမှာ ရွှေပြည်တန်၊ ရွှေနဒီ ၊ မင်းပြား – အဉ္စနနဒီ ၊ ကစ္ဆပနဒီ၊ မလိခနှင့် အောင်ကျော်မိုး စသည့်ရေယာဉ်လိုင်းများ အဓိကပြေးဆွဲသည်။
https://www.facebook.com/102405104899336/posts/234224798384032/