NLD ကိုယ်စားလှယ်လောင်း သုံးဦး လွတ်မြောက်ရေး ဝိုင်းဝန်းကြိုးစားခဲ့ရတယ်လို့ ရခိုင်ဝန်ကြီးချုပ်ပြော

By RFA/ 2021 January 4

ရက္ခိုင့်တပ်တော် (AA) က အချိန် နှစ်လကျော်ကြာ ထိန်းသိမ်းခဲ့တဲ့ NLD ကိုယ်စားလှယ်လောင်း သုံးဦး ပြန်လည်လွတ်မြောက်လာဖို့ အဖွဲ့အစည်းတွေ အားလုံးပူးပေါင်းပြီး ဝိုင်းဝန်းကြိုးစားခဲ့ရတယ်လို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ သတင်းထောက်တွေကို ပြောပါတယ်။ဒီနေ့ စစ်တွေမြို့မှာ ကျင်းပတဲ့ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအပြီးမှာ သတင်းထောက်တွေရဲ့မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။ဒါ့အပြင် AA အဖွဲ့အနေနဲ့ ကိုယ့်ဒေသ ကိုယ့်လူမျိုး တိုးတက်ဖို့အတွက် ညီအစ်ကိုတွေလို သဘောထားပြီး ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ်နဲ့ ကြိုးစားလုပ်စေချင်ကြောင်းနဲ့ သူ့အနေနဲ့ လာမယ့် အစိုးရသစ်လက်ထက်မှာ ဝန်ကြီးချုပ် ဆက်လုပ်မယ်လို့ ရည်မှန်းချက် မရှိပေမယ့် တာဝန်ပေးလာတဲ့အပေါ်မှာ မူတည်လို့ ဆက်လက်လုပ်ဆောင်မယ်လို့ ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။

ရိုက်ကူး – မင်းသိန်းအောင်/ RFA

https://www.facebook.com/39218993127/posts/10160675710888128/

Leave a Reply

Your email address will not be published.