Development Media Group (DMG) သတင်းဌာနမှ သတင်းသမားများ တရားစွဲဆိုခံရမှုအပေါ် မဟာမိတ်သတင်းဌာန (၆) ဖွဲ့က ကန့်ကွက်ရှုံ့ချခြင်း

By Development Media Group / 2021 January 26

ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့။၁။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Development Media Group (DMG) သတင်းဌာနမှ ဒုတာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံ နှင့် သတင်းထောက် မနှင်းနွယ်တို့ကို သတင်း ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက် နေ့တွင် တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည်။ အဆိုပါ သတင်းဌာနမှ အယ်ဒီတာချုပ် ဦးအောင်မင်းဦး ကိုလည်း ၂၀၁၉ ခုနှစ်၊ မေလ (၁၁) ရက်နေ့တွင် သတင်း ရဲတပ်ဖွဲ့(SB)က မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၂) ဖြင့် အမှုဖွင့်ခဲ့သည်။ အလားတူ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၁၁) ရက်နေ့တွင် Development Media Group (DMG) သတင်းဌာနမှ မောင်တောမြို့ အခြေစိုက် သတင်းထောက် ကိုအောင်ကျော်မင်းကိုလည်း ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် လမ်းတံတား ဦးစီးဌာနက အမှုဖွင့် ထားသည်။ ၂။ အဆိုပါတရားစွဲဆိုသော လုပ်ရပ်များသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ဖိနှိပ် ချုပ်ခြယ် ကန့်သတ် ပိတ်ပင် တားဆီးရာ ရောက်သဖြင့် တရားစွဲဆိုသော တပ်မတော်၊ သတင်းရဲတပ်ဖွဲ့ (SB) ၊ လမ်းတံတားဦးစီးဌာနများကို မဟာမိတ် သတင်းဌာန (၆) ဖွဲ့ဖြစ်သော ရန်ကုန်ခေတ်သစ် သတင်းဌာန၊ Western News သတင်းဌာန၊ RISE News သတင်းဌာန၊ မျက်မှောက်ခေတ် သတင်းဌာန၊ ဒက္ခိဏ သတင်းဌာနနှင့် Dawei Watch သတင်းဌာနတို့က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချလိုက်သည်။၃။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကာလတွင် ယခုကဲ့သို့ အမှုဖွင့်တရားစွဲဆိုမှုများသည် ဒီမိုကရေစီလမ်းကြောင်းကို ဆန့်ကျင်ရာ ရောက်သဖြင့် Development Media Group (DMG) အပါအဝင် သတင်းမီဒီယာများကို တရားစွဲဆိုနေမှုများ အားလုံး အမြန်ဆုံး ရုပ်သိမ်းပေးရန် တောင်းဆိုလိုက်သည်။ သတင်းနှင့်ပတ်သက်သော ကိစ္စရပ်များ အားလုံးကို သတင်း မီဒီယာ ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှတစ်ဆင့် ညှိနှိုင်းဖြေရှင်းရန် တိုက်တွန်းလိုက်သည်။

https://www.facebook.com/102405104899336/posts/218818853257960/

Leave a Reply

Your email address will not be published.