ANP ပါတီကိုအစိုးရဖွဲ့ခွင့်ရရှိရန် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုပါတီများတောင်းဆို

By Western News/ 2021 January

အောင်စိုး

ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသောနိုင်ငံရေးပြဿနာများကို ဖြေရှင်းပေးနိုင်ရန်အတွက် ရခိုင်အမျိုးသားပါတီ ANPကိုရခိုင်ပြည်နယ်အစိုးရဖွဲ့ခွင့်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အား ရခိုင်တိုင်းရင်းသားမျိုးနွယ် စုပါတီများက တောင်းဆိုလိုက်သည်။ရခိုင်အမျိုးသားပါတီ (ANP)နှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုပါတီတို့က ဇွန်နဝါရီလ ၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြသည်။ယင်းဆွေးနွေးပွဲ၌ ရခိုင်တိုင်းရင်းသားမျိုး နွယ်စုများဖြစ်သည့် ခမီ၊ မြို၊ ဒိုင်းနက်၊ သက်၊ မရာမာနှင့် ကမန်စသည့် ပါတီတို့ပါဝင်ဆွေးနွေးခဲ့ကြသည်။အဆိုပါဆွေးနွေးပွဲ၌ ရခိုင်ပြည်နယ်မှာ ANP ပါတီကအစိုးရဖွဲ့ခွင့်ရလျင် ရခိုင်တိုင်းရင်းသားများအရေးကို ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပေးနိုင်ကြောင်းနှင့် ရခိုင်တစ်ပြည်နယ်လုံးတွင် ANP ပါတီမှ မဲအများဆုံးအနိုင်ရရှိသည့်အတွက် အစိုးရဖွဲ့ခွင့်ပေးရန် လက်ရှိအာဏာရပါတီ NLD ပါတီအား တောင်းဆိုလိုက်ရခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် တိုင်းရင်း သားမရာမာကြီးလူမျိုးစုခေါင်းဆောင် ဦးမောင်နုကပြောသည်။“ဒီနေ့ဆွေးနွေးတဲ့အခါ ပါတီကအစိုးရဖွဲ့ခွင့်ရရင် တိုင်းရင်းသားမျိုးနွယ်စုတို့ရဲ့အရေးကိုရှစ်ဆယ်ရာခိုင်နှုန်း ဆောင်ရွက်ပေးနိုင်တယ်လို့ပြောတယ်။ ရခိုင်တစ်ပြည်နယ်လုံးမှာလည်း ANP ကမဲအများဆုံးအနိုင်ရတယ်။ ဒီတော့ အစိုးရအဖွဲ့ခွင့်ပေးရန်အတွက် NLDပါတီကိုကျွန်တော်တို့တောင်းဆိုတယ်”ဟု ပြောသည်။ယင်းအပြင် ရခိုင်ပြည်နယ်၌ ANP ပါတီကိုအစိုးရဖွဲ့ခွင့်ပေးမှသာလျင် ရခိုင်ပြည်နယ်ရှိတိုင်းရင်းသားမျိုးနွယ်စုများ အပေါ် ရခိုင်ပြည်နယ်၏မှုဝါဒလမ်းစဉ်ကိုချပေးနိုင်မည်ဖြစ်သည်။ယင်းအပြင် တိုင်းရင်းသားမျိုးနွယ်စုများ၏ ပြဿနာများကိုလည်းဖြေချင်ပေးနိုင်မည်ဖြစ်ကြောင်း ဦးမောင်နုကဆိုသည်။အလားတူ ANP ပါတီအနေဖြင့်အစိုးရဖွဲ့ခွင့်ရရှိလျင် တိုင်းရင်းသားမျိုးနွယ်စုတို့၏ စီးပွားရေးအခက်အခဲ၊ ပညာရေးအခက်အခဲတို့ကို တိုးတက်ကောင်းမွန်လာအောင်ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟုမျှော်လင့်ချက်ရှိ ကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီမှ တာဝန်ရှိသူမခင်မျိုးညွှန့်ကပြောသည်။“ကျွန်မတို့ကမန်တွေမှာဆိုရင် ရွာတွေမှာလမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးတို့အရမ်းအခက်အခဲဖြစ်နေပါတယ်။ အဲဒါတွေကို ဆွေးနွေးပွဲမှာတင်ပြခဲ့ပါတယ်။ ကျွန်တို့က ANP ပါတီကိုအစိုးရဖွဲ့ခွင့်ပေးစေချင်တယ်။ဘာလို့လည်းဆို တော့ ANPကအစိုးရဖြစ်လာရင် တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ပြဿနာတွေကိုဖြေရှင်ပေးနိုင်လိမ့်မေလို့ မျှော်လင့် ချက်ရှိတယ်”ဟု ပြောသည်။ယင်းအပြင် ယခုလိုတိုင်းရင်းသားပါတီများကိုတွေ့ဆုံဆွေးနွေးရခြင်းသည် ရခိုင်ပြည်နယ်မှာဖြစ်ပွားနေသော နိုင်ငံရေး၊ စီးပွားရေးပြဿနာတို့ကို ဖြေရှင်ရာတွင် မိမိတို့ပါတီတစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားပါတီများနှင့် အတူတကွဝိုင်းဝန်ပြီးဖြေရှင်းစေချင်သည့်ရည်ရွယ်ချက်ဖြစ်ကြောင်း မှုဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင် ကျော်ကပြောသည်။ပြီးခဲ့သည့် ၂၀၂၀ပြည့်နှစ် အထွေအထွေရွေးကောက်ပွဲတွင် ရခိုင်တစ်ပြည်နယ်လုံး၌ ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ် ၁၄ နေရာတွင် ANPပါတီက ၇ နေရာအနိုင်ရရှိခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက ၄ နေရာနှင့် ရခိုင့်ဦးဆောင်ပါတီ AFPက ၂ နေရာနှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ USDP က ၁ နေရာ အသီးသီးအနိုင်ရရှိခဲ့ကြသည်။လက်ရှိရခိုင်ပြည်နယ်၌ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြို့အမျိုးသားဒီမိုကရေစီပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခူမီအမျိုးသားပါတီ တို့ရှိသည်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်ဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

Western News-WN

https://www.facebook.com/102405104899336/posts/207552991051213/

Leave a Reply

Your email address will not be published.