By Khit Thit/ 2021 January 11

ရခိုင်တပ်တော် AA ၊ တပ်မတော်နှင့် ရခိုင်နိုင်ငံရေးပါတီများက ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ ကျင်းပခြင်းမရှိခဲ့သည့် နေရာများတွင် ရွေးကောက်ပွဲ ကျင်းပပေးရန် တညီတညွတ်တည်း တောင်းဆိုလျက်ရှိသော်လည်း NLDအစိုးရက ရွေးကောက်ပွဲ ကျင်းပပေးရန် လုံး၀ ဆန္ဒမရှိသဖြင့် ၂၀၂၀ ရွေးကောက်ပွဲအရ ဖြစ်ပေါ်လာမည့် ရခိုင်ပြည်နယ် လွှတ်တော်နှင့် ရခိုင်ပြည်နယ်အစိုးရ သည် ရခိုင်ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားမပြုနိုင်ကြောင်း ရခိုင်နိုင်ငံရေးသမားများက ပြောဆိုကြသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ရခိုင်နိုင်ငံရေးသမားများကို ဆက်သွယ်မေးမြန်းထားပါသည်။
ဦးစံကျော်လှ ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်လွှတ်တော်
====================
ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖြစ်လာမယ်လို့ မထင်တော့ဘူး။ ဘာမှ မမျှော်လင့်တော့ဘူး။
ဦးဖေသန်းမြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
===================================
သူတို့က အရင်လည်း တစ်စောင်ထုတ်ပြီးပြီ အဲတာမျိုး အခုလည်း တစ်စောင်ထပ်ပြီးတော့ ဖိအားပေးတဲ့အနေနဲ့ တွန်းအားပေးတဲ့အနေနဲ့ ထုတ်တယ်လို့ ကျွန်တော်ထင်တယ်။ အဓိကတော့ ရွေး ကောက်ပွဲ ပြန်လုပ်ပေးဖို့ပေါ့။ ရွေးကောက်ပွဲပြန်လုပ်ပေးဖို့ဟာကို သူတို့က လိုလားတယ်ဆိုတာကို ပြတာပါ။ ဒီမှာအရင်လည်းပြောထားပြီး သူတို့ရဲ့ ထုတ်ပြန်ချက်ဆိုတာကတော့ နိုဝင်ဘာ ၁၂ကစပြီးတော့ AA တပ်တော်ရဲ့ ထုတ်ပြန်ချက်အပေါ်မှာ သူတို့ထောက်ခံတာတ စတာပေါ့။ အဲဒါနဲ့ ဂျပန်က မစ္စတာ ဆာဆာကာဝါ လာတုန်းကလည်း အဲဒါတွေကို ညှိနှိုင်းပြီးတော့ သူတို့ဘက်ကလည်း သဘောထားရှိတာကို ထုတ်ပြန်ထားတယ်။ ကျွန်တော်တို့ ANP ကလည်း ထောက်ခံထားတယ်။ ဒီဘက်မှာလည်း ငြိမ်းချမ်းနေပြီဆိုတော့ သူတို့တပ်မတော်ရဲ့ သဘောထားကတော့ ရွေးကောက်ပွဲလုပ်လို့ရတယ်။ ရွေးကောက်ပွဲလုပ်စေချင်တဲ့သဘောထားပေါ့။ မြေပြင်အခြေအနေမှာ ငြိမ်းချမ်းရေးရနေပြီဆိုတော့လေ တိုက်ပွဲတွေ မဖြစ်ဘူးဆိုတော့ လုပ်လို့ရတယ်ဆိုတဲ့ သဘောမျိုးတော့ရှိတာပေါ့။ တပ်မတော်ကလည်းတောင်းဆိုထားတယ်ပေါ့။ ဒါပေမယ့် တပ်မတော်ရဲ့ သဘောထားကတော့ သူတို့ဘက်က ရှင်းရှင်းလင်းလင်းပြောထားပြီးပြီ။ အစိုးရရဲ့ သဘောထားကတော့ တိတိကျကျ မပြောဘူးပေါ့။ ဒါပေမယ့် သူတို့ဘက်ကတော့ တိုက်ပွဲမဖြစ်ဘူးဆိုတိုင်းကို မြေပြင်အခြေအနေမှာ ဥပဒေစိုးမိုးမှုမရှိရင် လုပ်ပေးလို့မရဘူးဆိုတဲ့ဟာမျိုး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်သွားတယ်ဆို တယ်ဆိုတာမျိုး အဲလိုအကြောင်း ပြချက်နဲ့ပေါ့။ အစိုးရတော့ မဟုတ်ပေမယ့် ခေါင်းဆောင်တွေပေါ့။ ဒေါက်တာမျိုးညွန့်တို့ မုံရွာအောင်ရှင်တို့ ပြောတဲ့ဟာက အဲလေသံမျိုး အမြဲတမ်းကြီးပါတယ်။ ဒါကကိုကြည့်ခြင်းအားဖြင့် အစိုးရ ရွေးကောက်ပွဲကို မလုပ်ချင်ဘူးဆိုတဲ့ သဘောသက်ရောက်တယ်ပေါ့။ ပြီးတော့ တပ်မတော်ရဲ့ စကားကတော့ ကော်မရှင်ကို တစ်ဘက်ပဲပွင့်ပါလိမ့်မယ်။ နောက်တစ်ဘက်က အစိုးရသဘောထားက အရေးကြီးတယ်လို့မြင်ပါတယ်။ ကျွန်တော်တို့ကတော့ လုပ်စေချင်တာပေါ့။ ဘာလို့ဆိုတော့ ရခိုင်ပြည်နယ်မှာ မဲဆန္ဒရှင် ၂၅ရာခိုင်နှုန်းကိုပဲ ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲဆိုတော့ ဒါ တာဝန်ယူမှု တာဝန်ခံမှု အားနည်းတဲ့ လွှတ်တော် ဖြစ်လာလိမ့်မယ်။ ဒါကိုယ်စားပြုမှုအားနည်းတဲ့ ဒီမိုကရေစီ အားနည်းတဲ့ လွှတ်တော်ဖြစ်လာလိမ့်မယ်။ အစိုးရဖြစ်လာလိမ့်မယ်။ ဒါမကောင်းဘူးပေါ့။ ဒါဒီမိုကရေစီစနစ်နဲ့ဆိုရင်တော့ အများစုကို ကိုယ်စားမပြုတဲ့ အတွက် ဖြစ်လာတဲ့လွှတ်တော် ဖြစ်လာတဲ့ အစိုးရတွေဟာ အားနည်းတာပေါ့။ ဒါမျိုးကျတော့ ကျွန်တော်တို့က မဖြစ်ချင်ဘူး။ ဖြစ်နိုင်ရင်တော့ လုပ်စေချင်တာပေါ့။ ကြားဖြတ်ရွေးကောက်ပွဲဆို တစ်နှစ်ကျော်ကြာဦးမယ်။ အဲအချိန်မှာ ကိုယ်စားမပြုဘဲ မြို့နယ် ၉မြို့နယ် ဟိုဖက်နှစ်ခြမ်း အဲလောက်ထိ ကျန်ခဲ့တယ်ဆိုတာကတော့ ဒါမကောင်းပါဘူး။ ကျွန်တော်တို့ နိုင်ငံရေးဘောင်ကိုလည်း ကိုယ့်ဘက်က ကျဉ်းသွားအောင်လုပ်ရာကြပါတယ်။ အဲဒါကြောင့် ဒါမျိုးကျတော့ ရခိုင်တပ်တော်ဘက်နဲ့ တပ်မတော်ဘက်နဲ့ ထုတ်ပြန်ချက်တွေဟာလည်း သူတို့က အပြုသဘောဆောင်တယ်လို့ ကျွန်တော်မြင်တယ်။ ဘာလို့ဆိုတော့ သူတို့တိုက်ပွဲကို လောလောဆယ်ရပ်တန့်ထားတယ်။ ဒါပေမယ့် ရှေ့ဆက်ဆွေးနွေးတဲ့အခါမှာ နိုင်ငံရေးဘောင် မကျယ်လို့မရဘူးဆိုတဲ့ အသိနဲ့ သူတို့က နိုင်ငံရေးဘက်ကို စောင်းပေးပြီးတော့ ရွေးကောက်ပွဲတွေကို လုပ်ပေးဖို့ လက်နက်ကိုင်အဖွဲ့အစည်း ကိုယ်နှက်က တောင်းတာဆိုတော့ ဒါကျွန်တော်တို့က ကြိုဆိုရမယ့် သဘောလည်းဖြစ်တယ်။ လက်နက်ကိုင်သမားတွေက ရွေးကောက်ပွဲလုပ်ပေးပါဆိုတဲ့ ဒါကြိုဆိုရမယ်လို့ ကျွန်တော်ထင်တယ်ပေါ့။ ဒါငြိမ်းချမ်းရေးလမ်းကြောင်းကို သူတို့ရောက်ဖို့အတွက် ဆွေးနွေးတဲ့အခါ အထောက်အကူပြုဖို့အတွက် သူတို့ရဲ့ ညီညွတ်တဲ့တောင်းဆိုမှုလို့ ကျွန်တော်မြင်တယ်။ သူတို့ အပြုသဘောဆောင်တယ်လို့မြင်တယ်။ ကျွန်တော်တို့ ပြည်သူတွေကလည်း ရွေးကောက်ပွဲကို လုပ်ပေးစေချင်တယ်ဆိုတော့ ဒီအပေါ်မှာတော့ ကျွန်တော့်အနေနဲ့ ပြောရရင်တော့ အကောင်းသဘောမြင်ပါတယ်။ အပြုသဘော မြင်ပါတယ်။ မြန်မြန်လုပ်ပေးနိုင်လေ ကောင်းလေပါပဲ။
ဦးခင်မောင်လတ် ရခိုင်ပြည်နယ်မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်
======================================
ဒီရခိုင်ပြည်နယ်ရွေးကောက်ပွဲ ၉မြို့နယ် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးနဲ့ ပတ်သက်ပြီးတော့ အရင်ဆုံးက AA ကစတယ်။ ၁၂ရက်နေ့ထင်ပါတယ်။ အဲဒီနေ့မှာပဲ တပ်မတော်ဖက်က ကြိုဆိုတယ်။ သူတို့လည်း လုပ်ရမယ့် လုပ်ငန်းစဉ်တွေပြောတယ်။ နောက် အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မတီက စာထွက်တာရှိတယ်။ ဥက္ကဋ္ဌ အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့တော့ မဟုတ်ဘူး။ အဲဒီ သူတို့ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့ အဲတာမျိုးကို ကြိုဆိုထောက်ခံတဲ့ သဘောပေးတာတွေ့တယ်။ ၁၂ရက်နေ့ သတင်းစာမှာတွေ့တယ်။ အဲဒီနောက်ပိုင်းမှာ သမ္မတကလည်း ပြောတယ်။ ဒီကိစ္စကိုပဲ ရွေးကောက်ပွဲကိစ္စကိုပဲ ဒါပေမယ့် ထိထိရောက်ရောက် ဘာမှမဖြစ်လာဘူး။ ဒါပေမယ့် အဓိက အဲဒီ NLD နဲ့ အစိုးရဖက်က တောင်းဆိုတာလို့ပြောလို့ရတယ်။ ဒါမှမဟုတ် အဘုအထစ်လို့ ပြောလို့ရတယ်။ အဲဒီ လွှတ်တော်ကိုယ်စားလှယ် ၃ဦးကို လွှတ်ပေးဖို့ကိစ္စကိုလည်း အခု AA ဘက်က လွှတ်ပေးလိုက်ပြီးပြီ။ အဲဒီအပေါ်မှာမှ နောက်ဆုံးတပ်မတော်ဘက်က ဒီစာကိုထုတ်ပြန်တယ်ဆိုတော့ ဒါကတော့ အမြင့်ဆုံးရောက်သွားပြီလေ။ ဒါပြီးလည်း လုပ်စရာက မရှိတော့ဘူး။ နောက်ဆုံးက ဒီရွေးကောက်ပွဲကော်မရှင်ကပဲ ဒီပေါ်မှာ စာထုတ်ပြန်ဖို့ပဲ တာဝန်ရှိတော့တယ်။ အဲလိုလုပ်ဖို့လည်း ယုံကြည်ပါတယ်။ ဒီလောက်နိုင်ငံ အကြီးအကဲတွေက မြန်မာနိုင်ငံမှာ သူတို့ထက်ကြီးတဲ့ ပုဂ္ဂိုလ်တွေ မရှိတော့ဘူး။ ဒီရွေးကောက်ပွဲကို ကြိုဆိုပါတယ်။ လုပ်ပေးပါ့မယ်လို့ ပြောနေတဲ့ ကိစ္စဟာ ကြာရှည်တော့ ရွှေ့လို့မရဘူး။ ဒီရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဟုတ်ရင် လူကြီးတွေပြောတဲ့ စကား အလကားဖြစ်သွားမယ်။ နှေးမယ်။ မြန်မယ်။ ဒါကလုပ်ကိုလုပ်ရမယ့်ကိစ္စပဲ လုပ်မယ်လို့လည်း ယုံကြည်တယ်။ အဲဒီပေါ်မှာ နောက်ဆုံး အခုထုတ်တဲ့ စာအရဆိုရင်တော့ ဒါက ရွေးကောက်ပွဲ လုပ်ဖို့ တော်တော်အားရှိသွားပြီလို့ ပြောလို့ရတယ်။ အစိုးရဘက်ကလည်း ဒီပေါ်မှာ လိုက်ပြီးတော့ ရွေးကောက်ပွဲကိစ္စကို ဆောင်ရွက် ပေးမယ်လို့တော့ ယုံကြည်ပါတယ်။ မြန်တာက အရင်ကတည်းက ဒီလောက်တော့မမြန်နိုင်သေးဘူး။ သူတို့လည်း အချိန်ရှိပုံမရဘူး။ ထင်တာတော့ ဟိုဘက်က ဒီ USDP နဲ့ တပ်က ပေါင်းရင် အရေးပေါ်ခေါ်လို့ရတာရှိတယ်။ လက်မှတ်ထိုးပြီးတော့ တင်လိုက်ရင် သူကလွှတ်တော် ဥက္ကဋ္ဌ သဘောတူတူမတူတူ ခေါ်ပေးရတော့မှာ အဲတာက ခြိမ်းခြောက်မှုဖြစ်နေတဲ့ အတွက် မြန်မြန် ခေါ်လိုက်တာ အဲတာကတော့ မသက်ဆိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီလိုပဲလေ ဥပဒေက Rule of Law အားနည်းတဲ့ နိုင်ငံပဲ သိပ်မဖွံ့ဖြိုးတဲ့ နိုင်ငံတွေ ဒီဟာတွေက သိပ်လိုက်နာတာမဟုတ်ဘူး။ အကြမ်းဖက်ဆိုတဲ့ ဒီတိုင်းပဲ လိုအပ်ရင် အကြမ်းဖက်မဟုတ်တော့ဘူး။ မလိုအပ်ရင် အကြမ်းဖက်ပဲ ရွေးကောက်ပွဲလည်း ဒီတိုင်းပဲ လုပ်ချင်ရတယ်။ သူတို့ မလုပ်ချင်ရတယ်။ အခုလက်ရှိ ဒီရွေးကောက်ပွဲ ဥပဒေတောင်မှ တစ်နှစ်အတွင်း မလုပ်ရဆိုတာတောင်မှ ဒီ NLD ကစခဲ့တာပဲ ဟိုတုန်းက ဆွဲခဲ့တဲ့ ပထမဥပဒေက ၆လအတွင်းမှာပဲ မလုပ်ရတာ အဲတာကို တစ်နှစ်အတွင်းဆိုတာက ဒီ NLD အစိုးရ တက်လာမှာ လွှတ်တော်က အတည်ပြုလိုက်တဲ့ ကိစ္စပဲ အဆိုသွင်းပြီးတော့ အဲတော့ တစ်နှစ်ဖြစ်သွားတာ လုပ်ချင်ရင်သူတို့ လွှတ်တော်ဖွင့်ရင်လည်း ဥပဒေတစ်ခုဖြုတ်ပြီးတော့ ဖျက်လိုက်ပြီး ဥပဒေတစ်ခုပြုပြီး ၃လအတွင်း ၂လအတွင်းဆိုတာက ဥပဒေပြင်လိုက်လည်း ရတာပဲ။ လက်ရှိတစ်နှစ်ဆိုတာလည်း သူတို့ပဲ လုပ်ထားတာ နောက်ဆက်တွဲ ရွေးကောက်ပွဲ အဖြစ်လုပ်လို့ရတာပဲလေ နောက်ဆက်တွဲမဟုတ်ဘဲ ခုနက ပုံမှန်ကြားဖြတ်ဆိုရင်လည်း သူတို့တစ်နှစ်အတွင်းဆိုတော့ အဲဒီတစ်နှစ်အတွင်း မလုပ်ချင်ရင် ၃လအတွင်း သူတို့ပဲ လုပ်လို့ရတာပဲ။
ရခိုင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦး
============================
ဆရာမတို့ကတော့ ရွေးကောက်ပွဲဖြစ်နိုင်မဖြစ်နိုင်ကတော့ UEC နဲ့ အစိုးရအပေါ်မှာ အဓိကမူတည်တယ်။ ဒါပေမယ့် ရက်ကလည်း ဖေဖော်ဝါရီ ၁ရက်နေ့မှာ လွှတ်တော်အသစ်က စတော့မယ် ဆိုတဲ့အခါကျတော့ နည်းနည်းတော့ အချိန်ကလည်း တော်တော်လေး နီးကပ်ပါပြီဖြစ်တယ်ပေါ့။ လုပ်မယ်ဆိုရင်တောင်မှ ဒီအချိန်မှာ UEC နဲ့ အစိုးရကြားက လုပ်ပေးဖို့ ကြေညာလိုက်တော့မှ ဖြစ်တော့မယ့် အခြေအနေလို့မြင်ပါတယ်။ အဲတော့ တပ်ဖက်က ဒီလို ထုတ်ပြန်ချက်တွေ ထုတ်တာကတော့ သူတို့ကလည်း ကြိုဆိုထားတာပဲ နှစ်ဖက်စလုံးက ကြိုဆိုတယ်ပေါ့။ အဲတော့ ဒါကိုတော့ ညှိနှိုင်းတိုင်ပင်ပြီးတော့ လုပ်ပေးပါဆိုတဲ့ ထုတ်ပြန်ချက်ကို ဆရာမတို့အနေနဲ့လည်း ကြိုဆိုကျတယ်။ နောက်တစ်ခုက တပ်မတော်ထုတ်ပြန်ချက်မှာ ပါတာကတော့ ဖမ်ဆီးခံလွှတ်တော်ကိုယ်စားလှယ် ၃ဦး ကိစ္စတစ်ခုကလည်း အချက်တစ်ချက် ပါဝင်သေးတယ်လို့ သူတို့ထုတ်ဖော်ရေးသားထားတာရှိတယ်။ အဲဒီအတွက်ကြောင့်လည်း ဒီကိုယ်စားလှယ် ၃ဦးကိုလည်း ပြန်လွှတ်ပေးပြီပေါ့။ အဲဒီအတွက်ကြောင့် ဒီတပ်မတော်အနေနဲ့ပေါ့။ ဥပမာ အေးချမ်းတည်ငြိမ်စွာရှိနေတဲ့ ရခိုင် ပြည်နယ်ကိုပေါ့။ နိုင်ငံသားတိုင်း ဒီမိုကရေစီ အခွင့်အရေး မဆုံးရှုံးစေဖို့အတွက် သူတို့အနေနဲ့ ရွေးကောက်ပွဲ လုပ်ပေးသင့်တယ်ဆိုပြီး ထုတ်ပြန်ကြေညာချက်ဖြစ်တယ်ပေါ့။ အဲအတွက်ကြောင့် ဆရာမတို့ဘက်မှာ ဆိုရင်လည်း ဒေသခံ လူထုကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲမှတစ်ဆင့် ရွေးချယ်နိုင်တာပေါ့။ ဒီမိုကရေစီ စနစ်အရဆိုရင် အဲတော့ ဆရာမတို့ ၉မြို့နယ် စလုံးမှာ ရွေးချယ်နိုင်ခြင်းမရှိတဲ့ ဒီရှမ်းပြည်နယ်မှာလည်း ရွေးချယ်နိုင်ခြင်းမရှိဘူး။ အဲဒီတော့ သူတို့ရဲ့ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေ အခက်အခဲတွေကို လွှတ်တော်အတွင်းတင်ပြတောင်းဆိုမှုတွေကို သူတို့အတွက် ဆုံးရှုံးမှုတွေ ရှိနေပြီပေါ့။ အဲတော့ နောက်တစ်ချက်က ဆရာမတို့ ရခိုင်ပြည်နယ် လွှတ်တော် ရခိုင်ပြည်နယ် လွှတ်တော်ဆိုရင် အခု ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ရခိုင်အမျိုးသားပါတီက ၇ယောက်ပဲနိုင်တယ်။ အဲတော့ တပ်မတော်သား ကိုယ်စားလှယ် ၅ဦးအပါအဝင်ဆိုရင် အခု အဲဒီမှာ ကိုယ်စားလှယ် အယောက် ၂ဝပဲရှိတယ်။ အဲတော့ အယောက် ၂ဝပဲရှိတယ်။ တကယ့်တကယ်ရှိရမှာက အကုန်လုံး ၄၇ယောက်ရှိရမှာဖြစ်တယ်။ ၄၇ ယောက်မရှိတော့ ၅ဝ ရခိုင်နှုန်းတောင် မရှိဘူးပေါ့။ အဲဒီအတွက်ကြောင့် ရခိုင်ပြည်နယ် လွှတ်တော်သည် ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော်ဖြစ်မဖြစ် မေးခွန်းထုတ်စရာဖြစ်တယ်။ အဲတော့ ဒီလွှတ်တော်အတွက် မြို့နယ် ပေါင်းစုံရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်ဖို့တော့ ဒီမိုကရေစီ စနစ်မှာ အရမ်းအရေးကြီးတယ်။ နောက်ပြီးတော့ ပြည်သူ့ကို ကိုယ်စားပြုဖို့ ပြည်သူ့အသံကို လွှတ်တော်တင်သွင်းဖို့အတွက်လည်း ဒီမိုကရေစီ စနစ်မှာ အရေးပါတယ်။ အဲဒီအတွက်ကြောင့် ဒီရွေးကောက်ပွဲကတော့ လုပ်သင့်တယ် ဒါကြောင့် ဆရာမတို့ကတော့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကို ထောက်ခံကြိုဆိုတဲ့ အကြောင်းကိုတော့ ဆရာမပြောချင်တယ်။ လုပ်ခြင်းမလုပ်ခြင်းသည် အစိုးရနဲ့ UEC ရဲ့ သဘောထားသာ ဖြစ်တယ်။
https://www.facebook.com/385165108587508/posts/1105090696594942/