AA ဖမ်းထားတဲ့ ရဲဝန်ထမ်းတွေ ပြန်လွတ်ဖို့ အစိုးရကကူညီပေးရန် မိသားစုဝင်များတောင်းဆို (ရုပ်/သံ)

By Irrawaddy/ 2021 January 20

ရက္ခိုင့်စစ်တပ် AA က NLD လွှတ်တော်အမတ်သုံးဦးနဲ့ တပ်မတော်သားသုံးဦးကို ပြန်လွှတ်ပေးခဲ့ပြီးတဲ့နောက် ဖမ်းဆီးခံရဲဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေကလည်း သူတို့ရဲ့ သားတွေ၊ ယောင်္ကျားတွေ ပြန်လွတ်လာဖို့ မျှော်လင့်နေကြပါတယ်။AA ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီးတဲ့နောက် ဘာသတင်းမှ တစုံတရာမကြားရတော့ကြောင်းနဲ့ အစိုးရပိုင်းက ဘယ်လိုဆောင်ရွက်မှုတွေရှိနေတယ်ဆိုတာလည်း မသိရကြောင်း ရဲဝန်ထမ်းတွေရဲ့မိသားစုဝင်တွေက ဆိုကြပါတယ်။ လက်ရှိ AA ရဲ့ လက်ထဲမှာ ဖမ်းဆီးခံထားရတဲ့ တပ်မတော်သားတွေအပြင် ရဲဝန်ထမ်းတွေနဲ့ လ၀ကဝန်ထမ်းတွေလည်း ရှိနေပါသေးတယ်။အခုလို ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတဲ့ကာလမှာ ရဲဝန်ထမ်းတွေနဲ့အခြားဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်လာနိုင်ဖို့ အတွက် အစိုးရက ကူညီပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။

အင်တာဗျူး – ဇင်လင်းထက်

တည်းဖြတ် – ကျော်သူရ

https://www.facebook.com/121507374560090/posts/4132547956789325/

Leave a Reply

Your email address will not be published.