အလိုတော်ပြည့်ကယ်ဆယ်ရေးမှ စစ်ဘေးရှောင်စခန်း ၉ ခုနှင့် စစ်ဘေးရှောင်ဒုက္ခသည် ၂၅၀၀ ခန့်ကိုအနွေးထည်များလှူဒါန်း

By Western News / January / 19 / 2021

ထွန်းလှဇန်နဝါရီ ၁၈ ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်း ၉ ခုနှင့် ရသေ့တောင်မြို့နယ်ရှိ စေတီပြင်စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်ဒုက္ခသည် ၂၅၀၀ ခန့်ကို အလိုတော်ပြည့် ဆရာတော်ကြီး၏ သြဝါဒအရ အလိုတော်ပြည့်ကယ်ဆယ်ရေး (ရန်ကုန်)မှအနွေးထည်အကျ ႌများကို သွားရောက်လှူဒါန်းကြောင်းသိရသည်။အနွေးထည်များလှူဒါန်းရခြင်းနှင့် ပတ်သက်၍ အလိုတော်ပြည့်ကယ်ဆယ်ရေး စစ်တွေတာဝန်ခံ ဆရာတော် ဦးဉာဏက

“ အခုလို လှူဒါန်းရခြင်းအကြောင်းကတော့ အဓိက လူသားဆန်မှုနဲ့ ကိုယ်ချင်စာတရားတွေကြောင်းပါ။ ဒီလောက်ချမ်းတဲ့ ဆောင်းရာသီမှာ ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေမှာ အနွေးထည်တွေမရှိဘူး။ သူတို့ခမျာအအေးဒဏ်ကို အလူးအလိမ့်ခံစားနေရတယ်။ အဲဒါကို ကိုယ်ချင်းစာပြီးတော့ အလိုတော်ပြည့်ဆရာတော်ကြီးရဲ့လမ်းညွန်းမှုနဲ့ အခုလိုလှူဒါန်းပေးရတာပါ” ဟုမိန့်ကြားသည်။

အနွေးထည်များသွားရောက်လှူဒါန်းရာတွင် သမိုင်းပညာရှင် ဒေါက်တာအေးချမ်း၊ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့် တို့က ပါဝင်လှူဒါန်းပေးခဲ့ပြီး စစ်ဘေးရှောင်ဒုက္ခသည်များကို အားပေးစကားများလည်း ပြောကြားခဲ့သည်။အလိုတော်ပြည့်လူမှုကယ်ဆယ်ရေးမှ စစ်တွေ၊ ရသေ့တောင်အပြင် တစ်ခြားမြို့နယ်များရှိ စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းများကိုလည်း အနွေးထည်များ လှူဒါန်းသွားမည်ဟုသိရသည်။

https://www.facebook.com/102405104899336/posts/214532217019957/

Leave a Reply

Your email address will not be published.