အရိုင်းဆန်လှပနေဆဲ ဂွမြို့ က ဘဲကျွန်း

By BBC / January 28 / 2021

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွာကျေးရွာအနီးမှာ အရိုင်းဆန်လှပသာယာတဲ့ ဘဲကျွန်းလို့ ဒေသခံတွေခေါ်နေတဲ့ လည်ပတ်သွားလာစရာ ကျွန်းတစ်ကျွန်းရှိနေပါတယ်။”ဒီကျွန်းကသိပ်မကြီးပေမယ့် တအားသာယာပါတယ်။ သွားရလာရတာကလည်း သိပ်မဝေးပါဘူး။ ပင်လယ်ကမ်းခြေနဲ့ကျွန်းအရသာကို သဘာဝအတိုင်းအပြည့်အဝခံစားဖို့ လာရောက်လည်ပတ်စရာကောင်းတဲ့ ကျွန်းလေးပါ” လို့ ကျွန်းသို့ သွားရောက်လည်ပတ်ခဲ့တဲ့ ဒေသခံ ကိုကျော်ကျော်က ပြောပါတယ်။ဒီကျွန်းကို ဂွမြို့နယ်၊ ဆပ်သွားကျေးရွာကနေ စက်တပ်လှေနဲ့ မိနစ် ၃၀ ခန့်သာ သွားရပြီးကျွန်းပေါ်မှာ သဲဖြူသောင်ပြင်များ၊ကျောက်ဆောင်များနဲ့ ပင်လယ်ဒီရေတောများရှိတယ် လို့ ဒေသခံတွေက ဆိုပါတယ်။”ဒီကျွန်းကတော့ ပိုင်ရှင်ရှိတယ်လို့ သိရပေမယ့် အရင်ကတည်းက ငါးဖမ်းသမားတွေ စခန်းချနေတာတို့၊ ငါးဖမ်းလှေတွေ ဝင်ရောက်နားနေတာတို့ ရှိပါတယ်။ ဒီကျွန်းက Eco tourism အတွက် ကျွန်တော်တို့ဒေသမှာ အရေးပါတဲ့ ကျွန်းတစ်ကျွန်းဖြစ်လာနိုင်ပါတယ်”လို့ သဘာဝပတ်ဝန်ကျင်းထိန်းသိန်းရေးလုပ်ဆောင်နေတဲ့ ဂွဒေသခံတစ်ဦးက ဆိုပါတယ်။ဂွမြို့နယ်အတွင်းမှာ လူသိများပြီး လည်ပတ်စရာနေရာတွေအဖြစ် ဂွကျွန်းအပြင် ဘဲကျွန်းနဲ့ အမျိုးသားဏ္ဏဝါဥယျာဉ်အဖြစ် သတ်မှတ်ခံထားရတဲ့ ကျွန်းနံ့သာအပြင် တခြားကျွန်းတချို့လည်းရှိနေသေးတယ်လို့ ဒေသခံတွေက ရှင်းပြကြပါတယ်။

https://www.facebook.com/166580710064489/posts/3797554303633760/

Leave a Reply

Your email address will not be published.