By BBC/ 2021 January 12
ဘီဘီစီမြန်မာပိုင်း
ဓာတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားရင်ဆိုင်နေရတဲ့ အမျိုးသားရေးဆရာတော် ဦးဝီရသူကို ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ဖို့ရှိတယ်လို့ သိရပါတယ်။ ဦးဝီရသူကို ဝန်းရံသူတွေက ဒီနေ့ရုံးထုတ်ကို တရားရုံးရှေ့မှာ လာရောက်စောင့်ဆိုင်းနေကြတဲ့မြင်ကွင်းတွေကို တွေ့ရတာဖြစ်ပါတယ်။ ဦးဝီရသူဟာ အစိုးရရဲ့ တရားစွဲဆိုမှုကနေ နှစ်နှစ်ခန့်အကြာတိမ်းရှောင်နေရာက ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းမှာ လာရောက်အဖမ်းခံခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဆရာတော်ဦးဝီရသူကို အင်းစိန်ထောင်မှာ ထားရှိထားတာဖြစ်ပါတယ်။
https://www.facebook.com/166580710064489/posts/3753714248017766/