အမ်းတွင် လက်နက်ကြီးသံများကြားရ၊ တပ်မတော်မှ လက်နက်ခဲယမ်းများကို ဖျက်ဆီးဖောက်ခွဲခြင်းဟုဆို

By Western News/ 2021 January 8

ထွန်းလှ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပဲပဒုံကျေးရွာအနီးရှိ တပ်မတော် တပ်ရင်း ၉၁၉ ထဲမှ ဇန်နဝါရီ ၈ ရက် ယနေ့ နံနက် ၈ နာရီခွဲခန့်စ၍ ၁၂ နာရီကျော်အတွင်း လက်နက်ကြီးပစ်ခက်သံများကြားရပြီးနောက် ဒေသခံများ စိုးရိမ်းမှုမြှင့်တက်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ လက်နက်ကြီးသံများကြားရခြင်းမှာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုမျိုးမဟုတ်ဘဲတပ်မတော်က သုံးစွဲရန်မသင့်သည့် ခဲယမ်းများကို ဖျက်ဆီးဖောက်ခွဲခြင်းများဖြစ်သည်ဟု အမ်းမြို့နယ် ယာယီအုပ်ချုပ်ရေးမှူး ဦးရွှေအေးက Western News ကို ပြောသည်။“ကျွန်တော်တို့ဆီကိုတော့ သုံးစွဲရန်မသင့်တဲ့ လက်နက်ခဲယမ်းတွေကို ဖျက်ဆီးဖောက်ခွဲမယ်လို စာထုတ် ထားတာတွေရှိတယ်ဗျ။ ကျွန်တော်တို့လည်း သက်ဆိုင်ရာ ရက်ကွပ်တွေကို စာထုတ်ထားတာရှိတယ်၊ ဆိုတော့ အဲ့ဒါလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်” ဟုပြောသည်။တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တော် AA တို့ ပြီးခဲ့သောနှစ် နိုင်ဝင်ဘာ ၁၂ ရက်နေ့ အပြန်အလှန် ထုတ်ပြန်ချက်များ ထုတ်ပြန်ပြီးနောက်ပိုင်းမှာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိခဲ့ပေ။ အပစ်အခက်ရပ်စဲထားသည့်အချိန်တွင် ရုတ်တရက် လက်နက်ကြီးသံများကြားရ၍ ဒေသခံများမှာ စိုးရိမ်မှုများဖြစ်ပေါ်နေသည်ဟု အမ်းဒေသခံ တစ်ဦးဖြစ်သူ ကိုမျိုးလွင်ကပြောသည်။“ဒီနေ့ မနက် ၈ နာရီခွဲလောက်က စပြီး ပစ်ခက်သံတွေကြားရတယ်၊ ပဲပဒုံကျေးရွာနားမှာ တပ်စွဲထားတဲ့ BE တပ်ထဲကပါ၊ မနက် ၈ နာရီခွဲကနေ ၁၂ နာရီကျော်အချိန်ထိ နာရီဝက်အကြာမှာ တစ်ချက်စီပစ်ခက်သံတွေ ကြားရတယ်” ဟုပြောဆိုသည်။လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ ၂ လနီးပါးခန့်ရှိနေပြီဖြစ်သော်လည်း ဒေသခံပြည်သူများအနေဖြင့် တိုက်ပွဲများပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေကြဆဲဖြစ်သည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များက ပြောကြသည်။

Western News- WN

https://www.facebook.com/102405104899336/posts/207705274369318/

Leave a Reply

Your email address will not be published.