အစိုးရက ကမ်းလှမ်းထားမှုနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် မြောက်ပိုင်းလေးဖွဲ့ ညှိနှိုင်းနေ

By Development Media Group / 2021 January 25

အောင်ထိန်

ဓာတ်ပုံ – ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းက ကျိုင်းတုံမြို့တွင် တပ်မတော်၊ NRPC နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တွေဆုံဆွေးနွေးခဲ့ကြစဉ်။

ရက္ခိုင့်တပ်တော်(AA)အပါအဝင် မြောက်ပိုင်းလေးဖွဲ့နှင့် ပဏမအပစ်အခတ်ရပ်စဲရေးဆွေးနွေးရန် အစိုးရမှကမ်း လှမ်းထားမှုနှင့်ပတ်သက်၍ မြောက်ပိုင်းလေးဖွဲ့တို့ကြား ညှိနှိုင်းနေဆဲဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်က DMG သို့ ပြောသည်။“အစိုးရကတော့ ကမ်းလှမ်းထားတယ်။ဒါပေမယ့် ကျွန်တော်တို့လေးဖွဲ့ကြားမှာ ထိပ်ပိုင်းခေါင်းဆောင်အချင်း ချင်း ပြန်ညှိနေကြတယ်ပေါ့။ အခြေအနေက ဘယ်လိုရှိလဲဆိုတာ အသေးစိတ်ကိုတော့ ကျွန်တော်မသိရသေးဘူး” ဟု ၎င်းက ပြောသည်။မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ပမာဏအပစ်အခတ်ရပ်စဲရေး ရေးထိုးနိုင်ရန်အတွက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က ပမာဏအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းအဆိုကို အစိုးရမှ မြောက်ပိုင်းလေးဖွဲ့ထံသို့ ပေးပို့ထားကြောင်း သိရသည်။အစိုးရမှ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နှင့် ပမာဏအပစ်အခတ်ရပ်စဲရေး တစ်ဖွဲ့ချင်းစီ ဆွေးနွေးသွားမည်ဖြစ် ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ က နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။အဆိုပါ ဆွေးနွေးရာတွင် တပ်နေရာချထားရေးကိစ္စ၊ IDPs ကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စ၊ ရွေးကောက်ပွဲမကျင်းပခဲ့သည့် ဒေသများတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး၊ ထိရောက်ခိုင်မာသော ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး၊ နှစ်ဖက်တပ်များအနေဖြင့် ထိတွေ့တိုက်ပွဲမဖြစ်ပွားရေး ရှောင်ရှားရန် သဘောတူညီချက်ကို ဆွေးနွေးသွား မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုခဲ့သည်။ပစ်ခတ်တိုက်ခိုက်မှုကိုရပ်တန့်ရေး တွေ့ဆုံဆွေးနွေးမှုမှာ အဓိကအဖြေဖြစ်သဖြင့် မြောက်ပိုင်းလေးဖွဲ့အနေဖြင့် လည်း ယင်းသို့ တွေ့ဆုံဆွေးနွေးမှုကို လိုလာကြောင်း ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆိုသည်။“နဂိုကတည်းက မြောက်ပိုင်းလေးဖွဲ့လုံးရဲ့ သဘောထားကတော့ တွေ့ဆုံဆွေးနွေးမှုကိုလိုလားတယ်ပေါ့။ တွေ့ဆုံ ဆွေးနွေးမှုက အဓိကပစ်ခတ်မှုကို ရပ်စဲနိုင်တဲ့အဖြေဖြစ်တယ်ပေါ့နော်။ ဒီတွေ့ဆုံ ဆွေးနွေးဖို့အတွက်လည်း ကျွန် တော်တို့က အဆင်သင့်ရှိတယ်။ အဲဒါက နဂိုကတည်းက သဘောထားဖြစ်တယ်။ အခုလည်းဒီအတိုင်းပဲ”ဟု ၎င်းက ပြောသည်။မြောက်ပိုင်းလေးဖွ့ဲနှင့် တွေ့ဆုံနိုင်ရန်အတွက်လည်း မြစ်ကြီးနားနှင့်ကျိုင်းတုံ တစ်နေရာတွင် အစိုးရဖက်မှ ရွေးချယ်ထားသည်။လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့မှ ထိပ်ပိုင်းခေါင်းများအနေဖြင့် ညှိနှိုင်းနေသည့်အချိန်ဖြစ်သောကြောင့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် တွေ့ဆုံမည်ကို မသိရှိနိုင်သေးကြောင်း TNLA ပြောခွင့်ရဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။၂၀၂၀ ရွေးကောက်ပွဲတွင် မကျင်းပနိုင်ငံသည့် မြို့နယ်များ၌ ရွေးကောက်ပွဲပြန်လည်ကျင်းပရေးကို အခြေခံ၍ AA ၏ ထုတ်ပြန်တောင်းဆိုချက်အား တပ်မတော်မှ ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်နား လည်မှုများဖြင့် တိုက်ပွဲရပ်တန့်နေသည်မှာ လက်ရှိတွင် နှစ်လကျော်အထိ ရှိခဲ့ပြီဖြစ်သည်။တိုက်ပွဲရပ်တန့်နေခြင်းကြောင့် စစ်ဘေးရှောင်အချို့ မိမိလယ်ယာလုပ်ငန်းကို လုပ်ကိုင်ရန် နေရပ်ပြန်မှုများ ရှိသော်လည်း အများစုမှာ နေရပ်မပြန်နိုင်သေးပေ။ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးအတွက် အာမခံချက် များပေးရန် စစ်ဘေးရှောင်များက တောင်းဆိုနေကြသည်။

https://www.facebook.com/466648543487562/posts/1929056833913385/

Leave a Reply

Your email address will not be published.