လူ့အခွင့်အရေးနေ့ လှုပ်ရှားမှုကြောင့် တရားစွဲခံထားရတဲ့ ရခိုင်လူငယ် သုံးဦးအမှု ပလပ်ပေးဖို့ တောင်းဆို

By RFA/ 2021 January 14

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပွဲမှာ ပါဝင်လှုပ်ရှားခဲ့ကြသူတွေထဲက ရခိုင်လူငယ် သုံးဦးကို စစ်တွေမြို့နယ်ရဲတပ်ဖွဲ့က တရားစွဲထားတာကို ပလပ်ပေးဖို့ တရားစွဲခံရသူတွေက တောင်းဆိုကြပါတယ်။ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ယက်က ကိုသန်းလှ၊ ကိုနိုင်နိုင်ထွန်းနဲ့ မခင်မြတ်သူ တို့ဟာ ဒီကနေ့ စစ်တွေမြို့နယ် တရားရုံး သုံးကြိမ် မြောက်ရုံးချိန်းမှာ ပြောလိုက်တာပါ။ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်နေ့မှာ လှုပ်ရှားကြသူတွေထဲက သူတို့ သုံးဦးဟာ ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ (က) နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။သူတို့ဟာ အဲဒီနေ့က စစ်တွေဟိုတယ်ကမ်းခြေမှာ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး ပိုစတာတွေ၊ တီရှပ်တွေဝတ်ဆင်ပြီး လှုပ်ရှားခဲ့တာပါ။သူတို့ကို အဲဒီနေ့က ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးသွားပြီး စစ်တွေမြို့နယ်တရားရုံးမှာ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉(က)နဲ့ တရားစွဲလိုက်တာဖြစ်ပါတယ်။

ရိုက်ကူး – နီမင်းထွန်း/RFA

https://www.facebook.com/39218993127/posts/10160703762418128/

Leave a Reply

Your email address will not be published.