Western News/ January 1/ 2021
– ခင္သီတာဇန်နဝါရီ ၁ ရက်ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ကုလားပုန်းကျွန်းရှိ ကျေးရွာအုပ်စုများတွင် အရေးပေါ်ကျန်းမာရေးကိစ္စများ ဖြစ်လာပါက သွားလာရေးခက်အခဲသည့်အတွက် အချိန်မီဆေးကုသမှု ခံယူခွင့်မရ၍ သေဆုံးမှုများရှိနေကြောင်း ဒေသခံများက Western News သို့ပြောသည်။အဆိုပါ ကုလားပုန်းကျွန်းရှိ ဇီးပင်ကြီး၊ ညောင်ပင်လယ်၊ နတ်ချောင်း၊ ဂျင်ချေ၊ နတ်ချောင်းရွာသစ်၊ စက်မြှောင်စသည့်ကျေရွားများရှိပြီး စုစုပေါင်း လူဦးရေ ၅၀၀၀ ကျော်ရှိကာ ၎င်းတို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်နေသည့် သားဖွားဆရာမတစ်ဦးသာရှိ ကြောင်းသိရသည်။အဆိုပါ ကုလားပုန်းကျွန်းမှာ မြောက်ဦးမြို့နယ်တွင်ပါဝင်သော်လည်း ပုဏ္ဏားကျွန်းမြို့နှင့် နီးစပ်သဖြင့် ကျန်းမာရေး ကိစ္စများအတွက် ပုဏ္ဏားကျွန်းမြို့နှင့် စစ်တွေတို့ကို အားထားနေရသော်လည်း မြစ်ကူးကာ သွားလာရခြင်း၊ ၂၀၁၈ -၁၉ ခုနှစ် ဘဏ္ဍာနှစ်အတွင်း လယ်သမားများအတွက် ဆည်ဖို့လိုက်သည့် ရေငံတား ဆည်ဘောင်ကြောင့် လမ်းပန်းဆက်သွယ်ရေးမှာ ပိုမိုခက်ခဲသွားသည်ဟု နတ်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ကပြောသည်။“ကျွန်တော်တို့မှာ ၆ ရွာပေါင်းမှ သူနာပြုက ၁ ဦးပဲရှိတယ်။ ရှိတဲ့သူနာပြု ၁ ဦးကလည်း သင်တန်းတွေ တက်နေရတာဆိုတော့ အမြဲမရှိဘူး။ ကျန်းမာရေး အရေးပေါ်တစ်ခုခုဖြစ်ပြီဆိုရင် ကျွန်တော်တို့မှာ မြောက်ဦးမြို့နယ်ဆိုပေမယ့် ပုဏ္ဏားကျွန်းနဲ့နီးတော့ ပုဏ္ဏားကျွန်းကိုပဲသွားရတယ်။ ရေလမ်းခရီးနဲ့ဆိုရင် ၄၅ မိနစ်ဆိုရောက်ပြီ။ ဒါပေမယ့် ၂၀၁၈/၂၀၁၉ဘဏ္ဍာနှစ်အတွင်းက လယ်သမားကောင်းကျိုးအတွက်ဆိုပြီး ကျွန်တော်တို့ ကျွန်းပတ်ပတ်လည်ကို ဆည်ဘောင်ရိုးကာလိုက်တယ်။ လယ်သမားတွေပဲဆိုတော့ ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ သွားလာရေးခရီးက ပိုမိုခက်ခဲသွားတယ်။ ရွာချောင်းကနေသွားပြီး ဆည်နားရောက်တော့ ဆည်ကိုဖြတ်ပြီးဟိုဖက်မြစ်ကိုတစ်ခါ သွားနေရတော့ ကျွန်တော်တို့မှာ အရေးပေါ်အခြေအနေဆို မသေသင့်ဘဲ သေသင့်ရတာတွေ အများကြီး ပဲ”ဟုပြောသည်။သွားလာရခက်ခဲသည့်အတွက် ရွာချင်းဆက်လမ်းဖောက်လုပ်ရန် ၂၀၁၅ ခုနှစ်ကတည်းက မြို့နယ် ထွေအုပ် ရုံးနှင့် လွှတ်တော်ကိုယ်စားလှယ်များထံ စာတင်သော်လည်း လက်ရှိအချိန်ထိထူးခြားလာမှုမရှိသေးကြောင်းလည်း ဆိုသည်။ယခင်က ၄၅ မိနစ်သာသွားရသည့် ရေလမ်းခရီးမှာ ယခုအခါ ၃ နာရီကြာသွားလာနေရသည့်အတွက် ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း မီးဖွားပြီးစအမျိုးသမီး လူနာတစ်ဦးမှာ ပုဏ္ဏားကျွန်း ဆေးရုံသို့ပို့ဆောင် ခဲ့သော်လည်း လမ်းခရီးကြံကြာမှုကြောင့် ဆေးရုံအရောက်တွင် သေဆုံးသူ၏ မိသားစုဝင်တစ်ဦး ကပြောသည်။“ကျွန်တော်တို့မှာ အရေးပေါ်အခြေနေဖြစ်တော့ သူနာပြုကလည်း ရွာမှာမရှိဘူး။ လမ်းပန်းဆက်သွယ်ရေးက တော်တော့ကို ခက်ခဲတယ်။ ဆည်ကိုဖြတ်ကျော်နေရတော့ ၁ နာရီတောင်မသွားရတဲ့ ခရီးက ၃ နာ ရီကြာသွား တယ်။ ဆေးရုံရောက်တော့ အချိန်မမှီတော့လို့ အသက်ဆုံးရှုံးလိုက်ရတယ်။ ကလေးက ၃ ရက်ပဲရှိသေး တယ်။ ခုလိုဖြစ်စဉ်ဟာ ကျွန်တော်တို့ ဒေသဖက်တွေမှာ အရမ်းများနေပြီ။ အရေးပေါ်အခြေအနေကြောင့် သေဆုံးရတာတော်တော်လေးရှိသွားပါပြီ”ဟုပြောသည်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်က “ကျေးလက်လမ်းဦးစီးဌာနကနေပြီးတော့ ထမ္မရာဇ်၊ ပုဇွန်ဖေ အဲဒီဖက်ကနေပြီးတော့၊ နတ်ချောင်း၊ ညောင်ပင်လယ်၊ ဇီးပင်ကြီး အဲဒီဖက်တွေကို ၁၃ မိုင် ဖောက်လုပ် နေပါတယ်။ လွှတ်တော်မှာလည်း ကတိကဝတ်တွေပေးပြီးသားဖြစ်ပါတယ်။ အပိုင်းလိုက်သောက်ဆောင်ရွက်ပေး နေပါတယ်။ အထူးသဖြင့် ကတော့မြစ်တွေ၊ ချောင်းတွေကို ဦးစားပေးလုပ်ဆောင်ပေးပြီးတော့မှအဲ တာတွေ လုပ်မှာပါ။ပု ဇွန်ဖေမှာလည်းပဲတံတား ထိုးထားပြီပေါ့နော်။ အဲ့ဒီကနေတောက်လျှာက်လုပ်ဆောင်သွားမှာ ပါ”ဟုပြောသည်။
Western News- WN
https://www.facebook.com/102405104899336/posts/203075334832312/