By Development January / 5/ 2021
ဉာဏ်ဟိန်း| DMG
ဇန်နဝါရီ ၆ ၊ စစ်တွေ
ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ်အတွင်း မီးလောင်းမှုပေါင်း ၈၀ အထိရှိပြီး ဆုံးရှုံးငွေကျပ်သိန်ပေါင်း ၁၉၆၉၇၁၃၀၀ ကျပ်အထိရှိကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။
အဆိုပါ မီးလောင်းမှုများမှာ မီးဖိုမီး၊ ပေါ့ဆမီး၊ လျှပ်စစ်မီး၊ သောင်းကျန်းသူမီး (ရှို့မီး)၊ တောမီးနှင့် မသာမာသူ (ရှို့မီး) တို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်၊ မီးသတ်ဦးစီးဌာနမှ ဒုတိယညွန်းကြားရေးမှူး ဦးဝင်းလှိုင်က DMG သို့ ပြောသည်။
“အဓိကတော့ လောင်တာကတော့ မီးဖိုကလောင်တာက ပိုများတယ်။ ဒီစာရင်းမှာ တိုက်ပွဲအတွင်း မီးလောင်းသွားတဲ့ အိမ်တွေတော့မပါဘူး။ ကျနော်တို့ မီးသတ်ဌာနအနေနဲ့တော့ ပြည်သူ့တွေကို တစ်ပတ်ကို ၄ ကြိမ် အသိပေးတာတွေ ပြုလုပ်နေပါတယ်” ဟု ၎င်းကဆိုသည်။
ထိုသို့ မီးလောင်မှုအကြိမ် ၈၀ မှာ မီးဖိုမီး ၂၉ ကြိမ်၊ ပေါ့ဆမီး ၁၆ ကြိမ်၊ လျှပ်စစ်မီး ၁၃ ကြိမ်၊ သောင်းကျန်းသူမီး (ရှို့မီး) ၆ ကြိမ်၊ တောမီး ၄ ကြိမ်နှင့် မသာမာမီး ၁၂ ကြိမ်ဖြစ်ကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာန၏ စာရင်းအရ သိရသည်။
“အခုက ကိုဗစ်နဲ့ဆိုတော့ အသိပညာပေးရတာတွေမှာ အခက်ခဲတော့ရှိတယ်။ စစ်ဘေးရှောင်စခန်းတွေမှာတော့ မီးဘေးနဲ့ပတ်သက်ပြီးတော့ အသိပညာပေးမှုတွေ၊ စစ်ဆေးမှုတွေ ပြုလုပ်နေတာတွေတော့ရှိတယ်။ နောက်ပြီးတော့ အရေးပေါ်မီးသတ်နိုင်အောင်အတွက် မီးချိတ်တွေ လုပ်ဆောင်ထားတွေတော့ရှိတယ်” ဟု ဒုတိယညွန်းကြားရေးမှူး ဦးဝင်းလှိုင်က ဆက်လက်ဆိုသည်။
ထိုသို့ မီးလောင်မှုများနဲ့ပတ်သက်ပြီး မီးသတ်ဦးစီးဌာနက မြို့နယ်များတွင် အသိပညာပေးမှုများဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က ကျောက်တော်မြို့တွင် ဈေးဆိုင်များနှင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့က မင်းပြားမြို့တွင် အိမ်နှစ်ဆောင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
https://www.facebook.com/466648543487562/posts/1914293898723012/