ရခိုင့်ဂုဏ်ကို မြှင့်တင်ပေးခဲ့သည့် ရဟန်းနှင့် လူပုဂ္ဂိုလ်များ၏ ရုပ်တုများကို ဂုဏ်ပြုထားရှိမည်

By Western News / January 20 / 2021

Western News- ပန်းမြတ်ခိုင်

ဇန်နဝါရီ ၂၀ ရက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ သျှစ်သောင်းဘုရားအနီး တစ်ဘက်ဆည် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ “ ရက္ခိတ ဂန္တဝင် ဗိမာန်” ဥယာဉ်၌ ရခိုင်လူမျိုးနှင့် ရခိုင်ပြည်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီး ရခိုင့်ဂုဏ်ကို မြှင့်တင်ပေးခဲ့သည့် ရဟန်း၊ လူပုဂ္ဂိုလ်များ၏ ရုပ်ထုများကို ဂုဏ်ပြုထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရက္ခိတဂန္တဝင်ဗိမာန်ကို အဆောက်ဦးပုံစဉ်မျိုးထားရှိမည်မဟုတ်ဘဲ ခြံအတွင်းရှိ ဥယာဉ်၌ ရခိုင်ပြည်နယ်အတွင်းမှ စာပေ၊ ဂီတ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများ၏ ကိုယ်တစ်ပိုင်း ရုပ်တုများကိုထုလုပ်ကာ ၎င်းတို့၏ အထ္ထုပ္ပတ္တိ၊ အဆိုအမိန့်များ၊ မည်သို့ ဂန္တဝင်မြောက်ကြောင်းများကို စာဖြင့်မှတ်တမ်းတင်ကာ တင့်တယ်စွာ ထားရှိမည်ဖြစ်ကြောင်း ရက္ခိတဂန္တဝင်ဗိမာန် ကော်မတီ၏ ဒုတိယဥက္ကဌ ဦးခိုင်မြတ်ကျော်ကပြောသည်။

“ပြည်နယ်အတိုင်းအတာနဲ့ လူမျိုးရေးဂုဏ်ကိုစွမ်းဆောင်နိုင်ခဲ့တဲ့ပုဂ္ဂိုလ်တွေ စာပေ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ၊ စီးပွားရေးနဲ့ပတ်သက်လို့လည်း စီးပွားရေးပညာရှင်တွေ အဲဒီလိုပုဂ္ဂိုလ်တွေကို ထားရှိသွားမှာဖြစ်တယ်။ ”ဟုပြောသည်။အဆိုပါဗိမာန်တွင် ပထမဦးဆုံးအနေဖြင့် ရခိုင်-မြန်မာပဏ္ဍိ ဦးဦးသာထွန်း၊ ဆရာတော် ဦးဝါသဝ၊ ဆရာတော် ဦးစက္ကိန္ဒတို့၏ ရုပ်တုများကို စတင်အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ရုပ်တုများထားရှိနိုင်ရန်အတွက် ငွေပပမာဏအားဖြင့် ၃ သိန်း နှင့် ၅ သိန်း ကြားတွင်လျာထားသော်လည်း အလှူရှင် အသေးစိတ်ကုန်ကျမှုအပိုင်းကို သီးခြားအစည်းအဝေးတစ်ရပ်ကျင်းပပြီး ဆုံးဖြတ်သွားမည်ဟု လည်း ဦးခိုင်မြတ်ကျော်ကပြောသည်။“အုပ်ခံမပါဘဲနဲ့ ရုပ်တုတစ်ခုတည်းဆိုရင် ၃ သိန်းနဲ့ ၅ သိန်းကြားနီးပါးရှိမယ်။ အုပ်ခုံတွေသာပါမယ်ဆိုရင် ၇ သန်းနဲ့ ၈ သိန်းဝန်းကျင်ကိုမှန်းတယ်။ ဒီအပိုင်းတွေကို ဒီနေ့ အသေးစိတ်ဆွေးနွေးသွားမှာဖြစ်တယ်”ဟု ပြောသည်။

https://www.facebook.com/102405104899336/posts/215908610215651/

Leave a Reply

Your email address will not be published.