By BBC / January / 8 / 2021
ဘီဘီစီမြန်မာပိုင်း
မြောက်ဦးလို့ပြောလိုက်ရုံနဲ့ သျှစ်သောင်း၊ ထုက္ကန်သိမ်၊ အမ်တော်သိမ်၊ မာရ်ငါးပါးနဲ့ ကိုးသောင်းပုထိုးတော်တွေကိုပဲ လူသိများကြပါတယ်။ တကယ်တော့ မြောက်ဦးမှာ ဒီထက်မကတဲ့ ရှေးဟောင်းအမွေအနှစ်တွေ တော်တော်များများ ရှိနေတာပါ။
ဒါပေမဲ့ မြောက်မြားလှတဲ့ ဒီရှေးဟောင်းအမွေအနှစ်တွေစုဝေးရာနေရာတွေကို လာရောက်လေ့လာသူတွေ၊ ခရီးသွားတွေနဲ့ ဘုရားဖူးသူတွေကတော့ သွားရောက်လ့လာဖို့ဆိုတာ အတော်လေးခက်ခဲလွန်းနေပါတယ်။
တောင်တန်းအထပ်ထပ်ကြားမှာ တည်ရှိနေတဲ့မြောက်ဦးဟာ ကျုံးတွေ၊ တံတိုင်းတွေ၊ ခံတပ်တွေရဲ့အလယ်မှာရှိနေတာကြောင့်ဖြစ်ပါတယ်။ တောင်တန်းတွေဟာလည်း ခံတပ်တွေအဖြစ်တဲ့ရှေးဘုရင်တွေဖန်တီးထားခဲ့တဲ့နေရာတွေဖြစ်ကြပါတယ်။ အဲဒီတောင်တန်းတွေ တောင်ထိပ်တိုင်းမှာလည်း ဘုရားပုထိုးတွေတည်ရှိနေပါတယ်။
လက်ရှိမှာတော့ အဲ့ဒီအမွေအနှစ်တွေအားလုံးနီးပါးဟာ ယိုယွင်းပျက်စီးမှုတွေနဲ့ကြုံနေရပြီး ပြုပြင်ထိန်းသိမ်းမှုအပိုင်းတွေကို လည်း မလုပ်နိုင်တဲ့အတွက် နေ့စဉ်နဲ့အမျှ ယိုယွင်းပျက်စီးမယ့်ဘေးဘဏ်ကို ခံနေကြရတာဖြစ်ပါတယ်။
မြောက်ဦးရဲ့အမွေအနှစ်တွေကို ထိန်းသိမ်းမှုတွေ ပြုလုပ်နိုင်ဖို့အတွက် ယူနက်စကို (UNESCO ) အသိမှတ်ပြုခံရဖို့ ကြိုးစားနေကြတဲ့အချိန်မှာ ရခိုင်မှာဒေသတွင်းတိုက်ပွဲတွေပြင်းထန်လာခဲ့ပြီး လုပ်ငန်းစဉ်တွေကို ရပ်တန့်ထားကြရသလို ရှေးဟောင်းဘုရားပုထိုးဧရိယာတွေမှာ တပ်စခန်းတွေ၊ လက်နက်ကြီးစခန်းတွေတည်ရှိနေကာ တချို့နေရာတွေမှာဆိုရင် လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲတာကြောင့် ပျက်စီးထိခိုက်မှုတွေနဲ့ကြုံနေရတာဖြစ်ပါတယ်။
ပျက်စီးမှုတွေကို ကြံ့ကြံ့ခံနေရတဲ့ မြောက်ဦးမြို့ကို ထိန်းသိမ်းကာကွယ်ပေးနိုင်မယ့် UNESCO အသိမှတ်ပြုခံရဖို့ ဘယ်လောက်ကြာဦးမလဲဆိုတာနဲ့ ယူနက်စကို စာရင်းဝင်ဖို့ ရော နီးစပ်နေပြီလားဆိုတာကလည်း မခန့်မှန်းနိုင်သေးတဲ့အနေအထားဖြစ်နေပါတယ်။
https://www.facebook.com/166580710064489/posts/3743941312328393/