မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ရခိုင်တွင်လူ့အခွင့်အရေးချိုးဖောက်ခံရသောကိစ္စရပ်များ အပေါ်စိတ်ဝင်စားမှုအားနည်း

By Western News/ 2021 January 6

အောင်စိုး

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်တို့ ၂ နှစ်နီးပါးကြာဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း လူ့အခွင့် အရေးချိုးဖောက်ခံခဲ့ရမှုများကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သို့တိုင်ကြားစာများ ပေးပို့ခဲ့သော်လည်း ၎င်းတို့ဖက်မှ တိုင်ကြားစာများနှင့်ပတ်သက်၍ ထိရောက်စွာဆောင်ရွက်ပေးခြင်းများအားနည်း လျက်ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် ရခိုင့်လူ့အခွင့် အရေးကာကွယ်မြင့် တင်သူများအဖွဲ့က ထောက်ပြပြောဆိုသည်။ကျောက်တော်မြို့နယ်၌ ဖြစ်ပွားခဲ့သည့်လူ့အခွင့်အရေး ချိုးဖောက်ခံရသောကိစ္စရပ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်က ဥပက္ခာပြုထားသလိုအလွန်တရာမှအာရုံစူးစစ်မှု အားနည်းလျက်ရှိသည်ကိုတွေ့မြင်နေရကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဝေဖန်ပြော ဆိုသည်။“ကော်မရှင်က ရခိုင်နဲ့ပတ်သက်တဲ့လူ့အခွင့်အရေးကိစ္စရပ်တွေကို အလွန်တရာအာရုံစူးစစ်မှုအားနည်းတယ်။ သူတို့စိတ်ဝင်စားမှု အားနည်တာကိုမြင်ရတယ်။ ကျွန်တော်တို့ကျောက်တော်မြို့နယ်မှာဖြစ်ခဲ့တဲ့ စစ်ကြောရေးတွေမှာ ဒဏ်ရာရလို့၊ သေလို့၊ ဒီကိစ္စတွေကို သက်သေ အထောက်အထား တွေနဲ့ကျွန်တော်တို့ တင်ခဲ့တယ်။ ဒါကိုသူတို့ဖက်က စုံစမ်းစစ်ဆေး တာတွေမရှိဘူး၊ လျစ်လျူရှုထားတယ်လို့ပဲမြင်တယ်” ဟုပြောသည်။ကျောက်တော်မြို့နယ်ရှိ တင်းမကျေးရွာမှကျေးရွာသား ၂၁ ဦးကို ဖမ်းဆီးခေါ်ဆောင်ခံရမှုများနှင့် တစ်ခြားစစ်ကြော ရေးများတွင် အရပ်သားများထိခိုက်၊ သေဆုံးမှုများကို သက်သေအထောက်အထားအပြည့်အစုံဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တိုင်ကြားစာများ ပေးပို့ခဲ့သော်လည်း တိုင်ကြားစာနှင့်ပတ်သက်၍ တစ်စုံတစ်ရာတုန့်ပြန်ပြောဆိုခြင်းများ ယခုအချိန်ထိမရှိသေး ကြောင်း ဦးဦးထွန်းဝင်းကပြောဆိုသည်။“ တင်းမကရွာသားနှစ်ဆယ်ကျော်ကိုတပ်မတော်ကဖမ်းသွားနဲ့ပတ်သက်လို့ ကျွန်တော်တို့လွှတ်တော်ကိုယ်စား လှယ်သုံးယောက်နဲ့ မိသားစုဝင်တို့ပူးပေါင်းလို့ ကော်မရှင်၊သမ္မတနဲ့အတိုင်ပင်ခံတို့ကိုစာတင်ခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ ချိန်ထိအကြောင်းပြန်လာတာမရှိသေးပါ။ စစ်ကြောရေးအတွင်းမှာ သေဆုံးသွားသူတွေအတွက်လည်း တရားမျှတ မှုရရှိအောင် ကော်မရှင်ကိုစာတင်ထာတွေ အစောင်တစ်ဆယ်လောက်ရှိတယ်။”ဟု ပြောသည်။သေဆုံးသွားသူ၏ မိသားစုဝင်များနှင့် ရခိုင်လူ့အခွင့်အရေးကာ ကွယ်မြင့်တင်သူများအဖွဲ့တို့ပူးပေါင်းကာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားစာ အစောင် ၃၀ နီးပါးကိုပေးပို့ခဲ့သော်လည်း ၎င်းတို့ဖက်မှတိုင်ကြားစာနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာအကြောင်း ပြန်လာခြင်းမရှိဟု ရခိုင့်လူ့အခွင့် အရေးကာကွယ်မြင့်တင်သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းကပြောသည်။“ကျွန်တော်နဲ့သေဆုံးသူတို့ရဲ့မိသားစုဝင်တွေနဲ့ပူးပေါင်းလို့ သက်သေအထောက်အထားအစုံနဲ့ကော်မရှင်ကို ပေးပို့ထားတာ အစောင်သုံးဆယ်နီးပါရှိတယ်။ အဲဒီတိုင်ကြားစာနဲ့ပတ်သက်လို့အကြောင်းပြန်လာတာကမရှိ သလောက်ပြောလို့ရတယ်”ဟုပြောသည်။ယင်းအပြင် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ကျေးရွာသား ၂၁ ဦးအား တပ်မတော်မှဖမ်းဆီးခေါ် ဆောင်မှုမရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးမှ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြန်စာပေးပို့လာသည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ကပြောသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှုး ဦးဘုန်းကြွယ်ကို ဆက်သွယ်ခဲ့ရာတွင် တိုင်းကြားစာများနှင့်ပတ်သက်ပြီး မိမိအနေဖြင့်အသေးစိတ်မသိရှိသေးကြောင်းပြောဆိုသည်။Western News- WN

Leave a Reply

Your email address will not be published.