မောင်တောမှာ ရွာသားနှစ်ဦး အမည်မသိအဖွဲ့ရဲ့ ရိုက်နှက်မှုကိုခံရလို့ ဒေသခံတွေစိုးရိမ်

By BBC/ 2021 January 25

ဓာတ်ပုံ- Kaung Mrat Naing / MPA

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အောင်သုခကျေးရွာက ရွာသားနှစ်ဦးမေယုတောင်ခြေကို ဝါးခုတ်သွားချိန်မှာ အမည်မသိအဖွဲ့ရဲ့ ရိုက်နှက်မှုကိုခံခဲ့ရတယ်လို့ ရိုက်နှက်ခံရသူ တစ်ဦးရဲ့မိသားစုဝင်ကပြောပါတယ်။အဲဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ(၂၂)ရက် ကဖြစ်ခဲ့တာလို့ဆိုပါတယ်။ ရိုက်နှက်ခံရသူ နှစ်ဦးဟာ အသက် ၅၃ နှစ် အရွယ်နဲ့ အသက် ၃၈ နှစ်အရွယ် ရှိတဲ့ အမျိုးသားတွေဖြစ်ပါတယ်။ ’’သူတို့ကိုကြိုးနဲ့တုပ်တယ်၊ပြီးတော့ ရိုက်တယ်ပေါ့၊ဖမ်းတဲ့သူတွေမှာ သေနတ်တွေလည်း ပါတော့ သေနတ်နဲ့ထုတယ်၊ရင်ဘတ်တွေ ကို ကန်တာပေါ့၊ ခြေထောက်နဲ့ကန်တာတွေလုပ်တယ်ပြောတယ်။ ဒဏ်ရာကတော့အတွင်းပိုင်းကိုထိသွားတယ်ပြောတယ်။ ဒီလိုတွေဖြစ်တော့ ဒေသခံတွေကတော့ တောထဲတောင်ထဲဝင်ဖို့ ကြောက်နေကြပြီလေ ’’ လို့ ရိုက်နှက်ခံရသူ အသက် ၅၃ နှစ် အရွယ် အမျိုးသားရဲ့ မိသားစုဝင်ဖြစ်သူကပြောပါတယ်။ လက်ရှိမှာ ရိုက်ခံရသူနှစ်ဦးထဲက အသက် ၅၃ နှစ် အရွယ်အမျိုးသားရရှိတဲ့ ဒဏ်ရာဟာ ပြင်းထန်တာကြောင့် မောင်တောဆေးရုံကနေ စစ်တွေဆေးရုံကိုပြောင်းရွှေ့ပြီး အရေးပေါ်ကုသနေရပါတယ်။

https://www.facebook.com/166580710064489/posts/3789386434450547/

Leave a Reply

Your email address will not be published.