မတူကွဲပြားပေမယ့် သင့်မြတ်ညီညွတ်မှုကို တွေ့ရတဲ့ ရခိုင်အုတ်ဖုတ်လုပ်ငန်း

By BBC/ 2021 January 7

“ရခိုင်တွေလည်းကျွန်တော်တို့ကို ဘာမှမလုပ်ဘူး၊ ကျွန်တော်တို့လည်း ရခိုင်တွေကိုဘာမှမလုပ်ဘူး” (ရခိုင်က မွတ်ဆလင် အုတ်ဖို လုပ်သား)

ပြီးခဲ့တဲ့ ၉ နှစ်ဝန်းကျင်လောက်က ပြဿနာအကြီးအကျယ်ဖြစ်ပွားခဲ့ကြတဲ့ ရခိုင်နဲ့ မွတ်ဆလင်တွေအကြားမှာ ပြန်ပြီးတော့ သဟဇာတဖြစ်လာနေပြီး အလုပ်တွေအတူတူတွဲဖက်လုပ်ကိုင်နေကြတာကို တွေ့လာရပြီဖြစ်ပါတယ်။

ပြဿနာဖြစ်ပွားနေခဲ့တဲ့အချိန်တွေမှာ ရခိုင်နဲ့မွတ်ဆလင် နှစ်ဖက်အသိုင်းအဝန်းတွေကြားမှာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှု မရှိခဲ့ကြသလို တစ်ဖက်ကိုတစ်ဖက် စိုးရိမ်ကြောက်လန့်မှုတွေနဲ့နေခဲ့ကြရပြီး အခုအချိန်မှာတော့ ဒေါသတွေ တဖြည်းဖြည်း လျော့လာခဲ့ပြီး အဆင်ပြေပြေနေထိုင်လို့ရရှိလာနေကြပြီဖြစ်ပါတယ်။

ပဋိပက္ခတွေအတွင်း နှစ်ဖက်စလုံးက ထိခိုက်သေဆုံးမှုတွေများပြားခဲ့ကြတာကြောင့် ဒေါသက်ထွက်နေတဲ့လူအုပ်စုနှစ်ခုကို ကန့်သတ်မှုတွေပြုလုပ်ပြီး နေထိုင်စေခဲ့ရပါတယ်။ သီးခြားစီနေထိုင်ခဲ့ရတဲ့အချိန်တွေမှာ မွတ်ဆလင်တွေဘက်က အခက်အခဲတွေနဲ့ ကြုံခဲ့ရသလို ရခိုင်တွေဘက်မှာလဲ သက်ရောက်မှုတွေရှိနေခဲ့ကြပါတယ်။

အခုနောက်ပိုင်းမှာတော့ တစ်စတစ်စ ပြန်လည်သင့်မြတ်လာခဲ့ကာ လက်ရှိအချိန်တွေမှာ ရခိုင်နဲ့ မွတ်ဆလင်တွေအကြား စီးပွားရေးလုပ်ငန်းတွေကို အတူလုပ်ကိုင်လာနိုင်ကြပြီ ဖြစ်ပါတယ်။

အခုလို ရခိုင်လူမျိုးတွေရဲ့စီးပွားရေးလုပ်ငန်းခွင်တွေမှာ ဝင်ရောက်အလုပ်လုပ်ကိုင်ခွင့်ရရှိလာနေတာဟာ ကောင်းမွန်တဲ့အခြေအနေဖြစ်ပြီး ဒီအခြေအနေဆက်ရှိနေဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

ရုပ်သံမှာ အပြည့်အစုံ ကြည့်နိုင်ပါတယ်။

ရိုက်ကူး – မြင့်လွင်၊ တည်းဖြတ် – ဖြိုးဟိန်းကျော် / ဘီဘီစီမြန်မာပိုင်း

https://www.facebook.com/watch/?v=244293440541247

Leave a Reply

Your email address will not be published.