မင်းပြားမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်၍ တစ်ဦးသေ ၈ ဦးဒဏ်ရာရ

By Narinjara / January / 10 / 2021

ခိုင်လူလှ (ရိုးမမြေ)နိရဥ္စရာ၊ ဇန်နဝါရီ ၁၀/၂၀၂၁

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် ယနေ့ နေ့လယ်က ပေါက်ကွဲမှုဖြစ်၍ အသက် ၄၀ ကျော် အရွယ်အမျိုးသမီး တစ်ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။သေဆုံးသူမှာ အသက် ၄၀ ကျော်အရွယ် ဒေါ်လှသန်းနွယ်ဖြစ်ကြောင်း ၎င်းကျေးရွာ၏ အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။

“ ဒေါ်လှသန်းနွယ်က ဆုံးပါတယ်။ ၈ ဦးဒဏ်ရာရတဲ့ အထဲမှာ ၃ ဦးက ပြင်းထန်တဲ့ အတွက် မြောက်ဦးဆေးရုံကို ယူသွားပြီး ၅ ဦးကိုတော့ မြောင်းဘွေတိုက်နယ်ဆေးရုံကို ယူဆောင်သွားပါတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ပေါက်ကွဲမှုမှာ ရွာပြင်စပ် ဘုန်းကြီးကျောင်းအနီးက နေအိမ်တစ်ခုတွင် နေ့လယ် ၁ နာရီ အချိန်က ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ၎င်းဗုံးကို ထိမိရာမှ ပေါက်ကွဲမှုဖြစ်နိုင်ကြောင်း၊ လက်ရှိအချိန်တွင် ဒဏ်ရာရသူများအား ဆေးရုံသို့ ပို့ဆောင်နေရသဖြင့် မစစ်ဆေးနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။

ဒဏ်ရာရသူ ၈ ဦးထဲတွင် ဦးကျော်နု (၄၂) နှစ်၊ ဒေါ် နုနုသန်း (၄၄) နှစ်၊ မစောသန်းနု( ၁၆) နှစ်၊ မောင် စောမြင့် (၁၄) နှစ်၊ ကျော်ကျော်နိုင် (၁၆) နှစ်၊ မသန်းဌေး (၂၃) နှစ်၊ မအေးအေးမိုး (၄) နှစ်၊ တို့ ပါဝင်သည်ဟု သိရသည်။

https://www.facebook.com/151742128171206/posts/3946926581986056/

Leave a Reply

Your email address will not be published.