ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ကျေးရွာအုပ်စုအလိုက်ပြန်လည် လက်ခံရေး ထပ်မံဆွေးနွေးဖို့ရှိ

By BBC / January 20 / 2021

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ရခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာနေရပ်စွန့်ခွာသူတွေကိုပြန်လည်လက်ခံရေးမှာကျေးရွာအုပ်စုအလိုက်ပြန်လည်လက်ခံရေးဆိုတဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကပြောဆိုချက်ကိုပြန်လည်ဆွေးနွေး ဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ဘီဘီစီကိုပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ရောက် နေရပ်စွှန့်ခွာသူတွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး ဇန်နဝါရီ(၁၉)ရက်က မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ တရုတ်၊ သုံးပွင့်ဆိုင် အွန်လိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

သုံးနိုင်ငံက ဒုတိယဝန်ကြီး အဆင့်တွေ တက်ရောက်တဲ့ ဒီအစည်းအဝေးဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ရဲ့ ဇန်နဝါရီ ၁၁ နဲ့ ၁၂ နေပြည်တော် ခရီးစဉ် အပြီးမှာ ပြုလုပ်ခဲ့တာ ဖြစ်သလို ကိုဗစ်ကာလ အတွင်းမှာ ရိုဟင်ဂျာ ကိစ္စ ထိပ်တန်း အရာရှိကြီးတွေ ပထမ ဆုံးအကြိမ် အဖြစ် ပြန်လည် တွေ့ဆုံနိုင်တာလည်း ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးအရ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြောင်း စိစစ်ပြီးသူတွေကိုပြန်လည်လက်ခံဖို့ကနဦးစမ်းသပ်ဆောင်ရွက်မှုစီမံကိန်းကိုဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကိုပြန်လာလိုကြောင်းပြောကြားထားတဲ့ ဟိန္ဒူဘာသာ ဝင်တွေကို အရင်ပို့ဆောင်ပေးဖို့ကိုလည်း နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးဟောက်ဒိုဆွမ်းက ဆွေးနွေးခဲ့တယ်လို့ အစိုးရရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အစည်းအဝေးအရ နေရပ်စွန့်ခွာသူဦးရေ လေးသောင်းနှစ်ထောင်ကျော်ကို ကနဦး လက်ခံဖို့ ညှိနှိုင်းထားတယ်လို့ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးက ဘီဘီစီရဲ့ မေးမြန်းချက်ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

https://www.facebook.com/166580710064489/posts/3775971485792042/

Leave a Reply

Your email address will not be published.