
By Western News/ January 1/ 2021
– ခိုင်ဇော်ထွန်းဇန်နဝါရီ ၁ ရက်ဖမ်းဆီးထိန်းသိမ်းခံနေရသော ရခိုင့်နိုင်ငံရေးသမားများ၊ အပြစ်မဲ့ပြည်သူများနှင့် အခြေအနေအမျိုးမျိုးတွင် ဖမ်းဆီးခံနေရသော မိမိတို့ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များအားလုံးကို NLD အစိုးရမှ ငြိမ်းချမ်းရေးကို ရှေးရှု၍ အပြန်အလှန်တုံ့လှယ်သောမေတ္တာတရားတို့နှင့် သဘောထားကြီးမားစွာဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် ဇန်နဝါရီ ၁ ရက်နေ့တွင် AA က ထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်တွင် ရက္ခိုင့်တပ်တော် AA မှ NLD အဖွဲ့ဝင်များကိုပြန်လည်လွှတ်ပေးသည့်နည်းတူ NLD အစိုးရလက်ထက်တွင် အမှန်တကယ်အပြစ်မကျူးလွန်ဘဲနှင့် ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးထိန်းသိမ်းခံနေရသော ရခိုင့်နိုင်ငံရေးသမားများ၊ အပြစ်မဲ့ ပြည်သူများနှင့် အခြေအနေအမျိုးမျိုးတွင် ဖမ်းဆီးခံနေရသော မိမိတို့ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များအားလုံးကို လွှတ်ပေးရန် တောင်းဆိုထားသည်။ ရက္ခိုင့်တပ်တော်မှ ဖမ်းဆီးထိန်းသိမ်းထားသော တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင် ၃ ဦးအား ယနေ့ နေ့လည် ၂ နာရီ ၃၅ မိနစ်အချိန်တွင် ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ မီးကျောင်းတက်ကျေးရွာတွင် ရက္ခိုင့်တပ်တော်လွှဲပြောင်းရေးအဖွဲ့မှ မြန်မာ့တပ်မတော် လက်ခံရေးအဖွဲ့ထံသို့ ကောင်းမွန်စွာလွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA မှ ဇန်နဝါရီ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။AA ၏ ထုတ်ပြန်ချက်တွင် NLD အဖွဲ့ဝင်များဖြစ်ကြသည့် ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောတို့ (၃) ဦးအား စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးလိုအပ်ချက်အရခေါ်ယူထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Western News- WN
https://www.facebook.com/102405104899336/posts/203130161493496/