
Western News- ဇန်နဝါရီ ၁ ရက် ၂၀၂၁
ဖမ်းဆီးခံ NLD ပါတီဝင် သုံးဦးဖြစ်ကြသည့်ဦးမင်းအောင်၊ ဒေါ်နီနီမြင့်နှင့် ဒေါ်ချစ်ချစ်ချောတို့ ဇန်နဝါရီ ၁ ရက်နေ့ ညနေပိုင်းတွင် စစ်တွေမြို့သို့ ရဟတ်ယာဉ်ဖြင့်ရောက်ရှိလာသည်။
၎င်းတို့သုံးဦးကို ယနေ့ နေ့လယ် ၂ နာရီကျော်အချိန်ခန့်တွင် ရက္ခိုင့်တပ်တော် AA ၏ လွှဲပြောင်းရေးအဖွဲ့များမှတစ်ဆင့် တပ်မတော်၏ ဗိုလ်မှူးချုပ်စိုးတင့်ဦးဆောင်သောအဖွဲ့ကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယင်းမှတဆင့် မင်းပြားမြို့နယ်ရှိ တိုင်းဗဟို ၉ သို့ ယူလာပြီး နောက်တွင် ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့သို့ယူဆောင်လာခဲ့ကြောင်းသိရသည်။
https://www.facebook.com/102405104899336/posts/203115791494933/