ဖမ်းဆီးခံထားရတဲ့ ALP အဖွဲ့ဝင်တစ်ဦး ပြန်လွတ်လာ

By RFA/ January 2/ 2021

ခုနစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALP) က ပြည်ပဆက်ဆံရေးကော်မတီဝင် တစ်ဦးဖြစ်တဲ့ ခိုင်ဝင်းလှိုင်ဟာ ဇန်နဝါရီ ၁ ရက် မနေ့က ပြန်လွတ်လာတယ်လို့ ALP က ကြေညာချက်ထုတ်ပါတယ်။ ခိုင်ဝင်းလှိုင်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၀ မေလ ၃၁ ရက်နေ့က နေအိမ်မှာရှိနေစဉ် ရက္ခိုင့်တပ်တော် AA အဖွဲ့က ဖမ်းဆီးသွားတာဖြစ်ပါတယ်။ AA အဖွဲ့က သူတို့နယ်မြေလို့ သတ်မှတ်ထားတဲ့နေရာမှာရှိနေတဲ့ ALP အဖွဲ့ဝင်တွေကို ဖမ်းဆီးတာ ဖြစ်နိုင်ကြောင်း ALP က ဗိုလ်မှူးကြီး ခိုင်စိုးမြက RFA ကိုပြောပါတယ်။ မေလ ၂၃ ရက်နေ့က AA က ဖမ်းဆီးသွားခဲ့တဲ့ ပေါက်တောမြို့နယ် ရပက်ချိုင်ကျေးရွာကနေ အိမ်တွေမှာ ရှိနေတဲ့ ALP ရဲဘော် ခိုင်မောင်ခင်ဝင်းနဲ့ ခိုင်မောင်လုံးတို့ကိုလည်း နိုဝင်ဘာလ နောက်ဆုံးပတ်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ALP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

https://www.facebook.com/39218993127/posts/10160670376338128/

Leave a Reply

Your email address will not be published.