ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ရခိုင်ပြည်နယ်ရှိ ကျောက်တော်တောင်ဘုရား၊ မြောက်ဦးမြို့နယ်ရှိ သင်ကျစ်တော်ဘုရားနှင့် လင်းမြွေတောင်ဘုရား၊ မင်းပြားမြို့ကျိန်းတောင်ဘုရားနှင့်ဘူးသီးတောင်မြို့နယ်ရှိ သုံးဆယ့်တစ်ဘုံဘုရားတို့၌ တပ်ကနေရာယူထားသည်မှာ တစ်နှစ်ကျော်ရှိနေပြီဖြစ်လာသော်လည်း ယခုအချိန်ထိ ဆက်လက်နေရာယူထားသည်ဟုဒေသခံများကပြောဆိုကြသည်။ သို့သော်လည်း တပ်မတော်သတင်းမှန်ပြန် ကြားရေးအဖွဲ့ ဥက္ကဋ္ဌဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်သားများအနေဖြင့် သာသနိကအဆောက်အဦးများ ပေါ်၌နေရာယူထားခြင်းမရှိဟုပြောဆိုထားသည်။ ယင်းအပေါ် ဒေသခံများနှင့်လွှတ်တော်ကိုယ်စားလှယ်များ၏ သုံးသပ်ချက်ကို ဖော်ပြလိုက်သည်။

By Western News/ 2021 January 9

ဦးဦးထွန်းဝင်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ကျောက်တော်မြို့နယ်၊ ရခိုင်ပြည်နယ်အဓိကတော့ဘာသာရေးအဆောက်အဦးတွေဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လုံးဝကို မဆက်စပ်တဲ့နေ ရာဖြစ်တယ်။ အထူးသဖြင့် ဘာသာရေးအဆောက်အဦးဆိုတာက ဗုဒ္ဓဘာသာဝင်တွေမှာ ငြိမ်းချမ်းမှုကိုရှာဖွေတဲ့ နေရာဖြစ်တယ်။ လက်ရှိမှာ ရခိုင်ပြည်သူတွေက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပူလောင်သောကခံစားနေရတဲ့ အချိန်မှာ ဘာသာရေးကျောင်း၊ ကန်တွေကို သွားဖို့အခွင့်အရေးမရှိခဲ့ကြဘူး။ အခြေအနေအရပ်ရပ်ကြောင်း ကျွန်တော်တို့ကသောကတွေနဲ့လောင်မြိုက်ပြီးအတူတကွ ကျီးလန့်စာစားနေကြရတဲ့အခြေအနေတွေပေါ့။ အခု ကတော့အတိုင်းအတာတစ်ခုထိ နယ်မြေတည်ငြိမ်မှုရှိလာနေတယ်ဆိုတော့ ကျွန်တော်တို့ယုံကြည်သက်ဝင်တဲ့ ဘာသာတရားတွေရဲ့အဆုံးအမတွေနဲ့ ဘာသာရေးအရိပ်အောက်တွေကိုဝင်ပြီးတော့ ငြိမ်းချမ်းမှုတွေကို ရှာဖို့ကြိုး စားကြတယ်ပေါ့။ ဒီအချိန်မှာကျွန်တော်တို့ စစ်ရေး၊ စစ်ရောင်တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိ နေတာက ကျွန်တော်တို့ကိုအများကြီးစိတ်အနှောက်အယှက်ဖြစ်စေတယ်။ နောက်တစ်ခုက ရခိုင်ပြည်မှာအထင်ကရရှိတဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦးတွေက သမိုင်းနဲ့ပတ်သက်တဲ့နေရာတွေဖြစ်တယ်။ ဆိုတော့ကျွန်တော်တို့မှာ လောကီလောကုတ်တရာနှစ်ဖြာစလုံးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့နေရာတွေဖြစ်တယ်။ ဒီနေရာတွေမှာ လူကိုသတ်တဲ့လက််နက်တွေနဲ့ကိုင်ပြီးတော့ ရှိနေတာကဘယ်အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် အလွန်တရာအရုပ်ဆိုး လွန်းတယ်။ ကျွန်တော်တို့ကတော့ ဒီဟာကိုကျောက်တော်တောင်ဘုရားနဲ့ပတ်သက်လို့ မြို့နယ်သံဃနာယက တွေနဲ့ပူးပေါင်းလို့ကန့်ကွက်စာတင်ခဲ့ကြတယ်။ ဒါပေမဲ့အခုချိန်ထိတော့ သူတို့ကနေရာယူထားတာဖယ်ရှားမပေး သေးဘူး။ဦးထွန်းသာစိန် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) မြောက်ဦးမြို့နယ်ရှေ့ဟောင်းသာသနိကအဆောက်အဦးတွေ၊ ဘုရား၊ ပုထိုးစေတီတွေမှာ နိုင်ငံတကာလူ့အခွင့်အရေးကြေညာစာ တမ်းအရ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့တပ်စွဲခွင့်မရှိရဘူးလို့ ဥပဒေတွေမှာပြဋ္ဌာန်းထားတယ်။ သို့သော်လည်း အခုနေပြီးတော့မြောက်ဦးနဲ့ဒေသတစ်ချို့မှာရှိတဲ့ သာသနိကအဆောက်အဦးတွေမှာ တပ်က နေရာယူထားတယ် လို့ဒေသခံတွေပြောလို့သိရတယ်။ အဲဒါနဲ့ပတ်သက်လို့ အခုအချိန်က ပွင့်လင်း ရာသီလည်း ဖြစ်တယ်။ နောက်တစ်ခု က တိုက်ပွဲတွေလည်းငြိမ်နေပြီးတော့ ပစ်ခတ်သံတွေလည်းတိိတ်ဆိတ်နေတဲ့ အချိန်ဖြစ်တယ်။ ဒါကြောင့် ဒေသတည်ငြိမ်အေးချမ်းနေလို့ ဒေသခံတွေကဘုရားစေတီတွေကို သွားရောက်ဖူး မျှော်နေကြတယ်။ ဒါပေမဲ့ တပ်ကနေရာယူထားတဲ့ သင်းကျစ်တော်၊ လင်းမြွေတောင်စတဲ့ နေရာတွေကို ဒေသခံ ဘုရားဖူးတွေကမသွားရဲကြ ဖြစ်နေတယ်။ဦးထွန်းနီဝင်း မြောက်ဦးဒေသခံရခိုင်မှာအခုလောလောဆယ်တော့ တပ်မတော်နဲ့ရက္ခိုင့်တပ်တော်တို့အပစ်အခတ်ရပ်စဲထားတဲ့အတိုင်းအတာ တစ်ခုတော့ရှိနေတယ်။ သို့သော် တပ်ဖက်ကတပ်အင်အားတွေတိုးချဲ့နေတာကိုတွေ့မြင်နေရတယ်။ အပစ်ခတ် ရပ်စဲထားပေမဲ့ လူသွားလူလာများတဲ့လမ်းမကြီးတွေပေါ်မှာ ဂိတ်ချပြီတော့စစ်ဆေးနေတာတွေရှိနေတယ်။ နောက်တစ်ခုကအများပြည်သူတွေနဲ့သက်ဆိုင်တဲ့သာသနိကအဆောက်အဦးတွေပေါ်မှာ တပ်ကနေရာ ယူထားမှုတွေက ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာအလွန်တရာမှဆိုးဝါးတဲ့အပြုအမှု တစ်ခုဖြစ်တယ်။ လူထုလွတ်လပ်နဲ့ ဘာသာရေးကိုးကွယ်ခွင့်တွေကို ပိတ်ပင်ရာလည်းရောက်တယ်။ အခုအချိန်ထိ သင်းကျစ်တော်ဘုရားကိုဆိုရင် တစ်ယောက်မှဘုရားဖူးဖွင့်မရှိဘူး။ သူတို့ကနေရာယူထားဆဲ။ တစ်နှစ်ကျော်ရှိနေပြီနေရာယူထားတာ။ဦးလှသိန်းအောင် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) မင်းပြားမြို့နယ်မင်းပြားကျိန်းတောင်ဘုရားတည်ရှိတဲ့တောင်ပေါ်မှာက တပ်ကနေရာယူထားတာအခုဆိုရင်တစ်နှစ်ကျော်ရှိပြီ။ သူတို့က ၂၀၁၉ ခုနှစ်ကတည်းကနေရာယူထားတာ။ အခုကျိန်းတောင်ဘုရားကိုမည်သူတစ်ဦးတစ်ယောက်ကမှ ဖူးခွင့်မရှိဘူးဖြစ်နေတယ်။ အခုလိုလက်နက်ကိုင်အဖွဲ့အစည်းတွေက သာသနိကအဆောက်အဦးတွေတည်ရှိတဲ့ နေရာတွေမှာ တပ်မစွဲဖို့လွှတ်တော်မှာအဆိုတွေတင်သွင်းခဲ့တာတွေရှိတယ်။ အဆိုနဲ့ပတ်သက်လို့တော့ အစိုးရ ဖက်ကတစ်စုံတစ်ရာအကြောင်းပြန်မလာတာ ဒီနေ့ချိန်ဖြစ်တယ်။ တစ်ချို့နေရာတွေမှာဆိုရင်တပ်ကနေရာယူထား တာတွေကိုပြန်လည်ရုပ်သိမ်းထားတာတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မင်းပြားကျိန်းတောင်ကတစ်မှုထူးကြား တယ်လို့ပြောလို့ရတယ်။ အခုချိန်ထိနေရာယူထားဆဲပဲ။ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြို့နယ် သံဃာနာယကတွေနဲ့ ပြည်နယ်အထိစာတင်တာတွေ ရှိတယ်။ ဘာတစ်ခုမှထူးခြားမှုမရှိဘူး။ သူတို့ကကျိန်းတောင် ပေါ်ကမဖယ်ပေးလို့ ပြည်သူတွေအနေနဲ့ ဘာမှလုပ်လို့မရဖူးဖြစ်နေတယ်။ လက်နက်ရှိတဲ့သူတွေကို လက်နက်ရှိတဲ့ သူတွေက ဘာတစ်ခုမှမပြောနိုင်တဲ့ အဆင့်မှာတော့ရှိတယ်။ ဘာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာအရတော့ ဘုရားဖူးသွားလာ ခွင့်တွေကို ဆုံးရှုံးနေတယ်။ ဒါကြောင့် ဒီနေရာကအမြန်ဆုံးဖယ်ရှားပေးဖို့လိုအပ်တယ်။ သူတို့ကဖယ်ရှားပေးရင် လည်း လုံခြုံရေးအရမိိုင်းတွေထောင်ထားတာတွေရှိရင် ရှင်းလင်းပေးဖို့လိုတယ်လို့တောင်းဆိုချင်တယ်။ဦးပညာဇောတ (အသျှင်သဘာဝနဒီ) အထွေထွေအတွင်းရေးမှူး ရခိုင်ရဟန်းတော်များအဖွဲ့စစ်ဥပဒေအရတပ်မတော်က ဘယ်လောက်ထိတိုက်ပွဲတွေဖြစ်နေပါစေ သာသနိကအဆောက်အဦးတွေ၊ ပညာရေးအဆောက်အဦးတွေမှာ တပ်စွဲနေထိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ တပ်မတော်အနေနဲ့ သာသနိက အဆောက် အဦး တွေပေါ်မှာနေရာယူထားတယ်။ မြောက်ဦး၊ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်မြို့နယ်တွေမှာရှိတဲ့ ဘုရား၊စေတီတွေတည်ရှိတဲ့တောင်ပေါ်တွေမှာ နေရာယူထားကြတာ တွေအခုအချိန်ထိရှိနေဆဲ။ အခုလိုစစ်ဥပဒေ တွေကိုချိုးဖောက်နေခြင်းက နိုင်ငံတစ်နိုင်ကိုကိုယ်စားပြုတဲ့တပ်မတော်အနေနဲ့ မလုပ်သင့်လို့မြင်တယ်။ ဒါကနိုင်ငံ ရဲ့ဂုဏ်သိက္ခာတွေနဲ့ဆိုင်တယ်။ လက်ရှိရခိုင်မှာတိုက်ပွဲတွေ မဖြစ်တာအခုဆိုရင် နှစ်လနီးပါရှိနေပြီဖြစ်တယ်။ ဒါကြောင့် သာသနိကနေရာတွေက အမြန်ဆုံးဖယ်ရှားပေးသင့်တယ်။

Western News- WN

https://www.facebook.com/102405104899336/posts/208285694311276/

Leave a Reply

Your email address will not be published.