ပြည်တွင်းစစ် ဒဏ် အပြည့်နဲ့ ကျောက်တော်က ရွာကလေး

By BBC/ 2021 January 26

ဓာတ်ပုံ – မြင့်လွင် / ဘီဘီစီမြန်မာပိုင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း မှာ တပ်မတော်နဲ့ ရက္ခိုင့် တပ်တော် အေအေ တို့ကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေရဲ့ ဒဏ်ကို ခံခဲ့ရတဲ့ ဘုရားပေါင်းကျေးရွာက လက်ရှိ မြင်ကွင်းပါ။ အဲဒီ ဒေသတွေမှာ မနှစ်က တိုက်ပွဲ တွေ ဖြစ်ခဲ့ပေမယ့် အခု အချိန်မှာတော့ ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဖြစ်လာနေပါပြီ။ ဒါပေမယ့် စစ်ရဲ့ အကြွင်းအကျန် ပုံရိပ်တွေက မြင်နေရဆဲ ဖြစ်ပါတယ်။ ဘုရားပေါင်းကျေးရွာနဲ့ တောင်ပေါက်ကျေးရွာတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဩဂုတ် ၁၉ ရက်နေ့ညနေပိုင်းမှာ မီးရှို့ခံရလို့ အိမ်ခြေပေါင်း ၁၇၀ လောက် အထိ မီးလောင်ပျက်စီးသွားခဲ့ရွာတွေပါ။ကျေးရွာက ဒေသခံတွေရဲ့ ပြောဆိုချက်အရ အဲဒီမှာ တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းခွဲတိုက်ခိုက်ခံလိုက်ရတဲ့အတွက် တပ်မတော်ဘက်က မီးရှို့တာလို့ ဆိုပေမယ့် တပ်မတော်ဘက်က တော့ ဒါကို ငြင်းဆိုပြီး အေအေ ဘက်က မီးရှို့တာလို့ တန်ပြန် ပြောဆိုခဲ့ပါတယ်။ဒီကျေးရွာနှစ်ရွာဟာ ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမ ကျောက်တော်-ပုဏ္ဏားကျွန်းလမ်းပိုင်း လမ်းဘေးဝဲယာတွေမှာရှိတဲ့ ကျေးရွာတွေဖြစ်ကြပါတယ်။ မီးရှို့ခံရတာ နှစ်ဝက်နီးပါး ရှိလာပြီ ဖြစ်ပေမယ့် ပုံမှန် အနေအထားတော့ ပြန်လည် မရောက်နိုင်သေးပါဘူး။ မီးရှို့ခံလိုက်ရတာနဲ့ပတ်သက်လို့ အစိုးရနဲ့ တပ်မတော် ဘက်က ကူညီ ဖြေရှင်းပေးတာမျိုးလည်း မရှိသေးဘူးလို့ ရွာသားတွေက ပြောပါတယ်။ ပျက်စီးသွားခဲ့တဲ့ သူတို့ရဲ့နေအိမ်တွေနဲ့ ဆုံးရှုံးသွားခဲ့တဲ့ပစ္စည်းတွေကို တစ်စုံတစ်ရာ ပြန်ရနိုင်ဖို့ သူတို့ မျှော်လင့်လျက် ရှိနေကြပါတယ်။

https://www.facebook.com/166580710064489/posts/3790362624352928/

Leave a Reply

Your email address will not be published.