ပုဏ္ဏားကျွန်းမြို့နယ်မှ လက်နက်ကြီးထိမှန်ခဲ့သည့် အမျိုးသမီးတစ်ဦး ဆေးကုသရန် အခက်ခဲရှိ

By Western News / January / 19 / 2021

-ကိုဥက္ကာ

ဇန်နဝါရီ ၁၉ ရက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းမဲကျေးရွာတွင် ၂၀၁၉ ဇွန်လ ၅ ရက်နေ့ နေ့လည်ပိုင်းက လက်နက်ကြီးပေါက်ကွဲသဖြင့် လူတစ်ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဒဏ်ရာရသူများထဲမှ ဒေါ်နွဲယဉ်ဝင်းမှာ လက်နက်ကြီးထိမှန်သည့် ဒဏ်ရာဟောင်းမှ နာကျင်သည့် ဝေဒနာကိုခံစားနေရပြီး လက်ရှိအချိန်တွင် ဆေးဝါးကုသမှုပြုနိုင်ရန် အခက်အခဲရှိနေသည်ဟု ခင်ပွန်းဖြစ်သူ ဦးအင်္ဂါအောင်ကပြောသည်။

“တကိုယ်လုံး အမြဲတမ်းပူနေပါတယ်။ ညယာဖက်ဝမ်းဗိုက်တွင် လက်နက်ကြီး ထိမှန်တာဆိုတော့ မကြာမကြာနာနေသေးတယ်။ ညကျရင်ပူတယ် အိပ်မပျော်ဘူး။ အရင်တုန်းကဆို ပုဏ္ဏားကျွန်းမြို့ဆေးခန်းကိုသွားပြသေးတယ်။ အခုငွေရေးကြေးရေးကအစ အဆင်မပြေဘူး။ လေတခါဖြတ်တယ်။ တောဆေးတွေနဲ့ ရွာမှာနားလည်တဲ့သူတွေ ကုလိုက်ရတယ်။ သိပ်ပြီတော့ မကောင်းသေးပါဘူး”ဟုပြောသည်။

အဆိုပါလက်နက်ကြီးမှာ ဂဏန်းမဲကျေးရွာ ဒေါ်နွဲ့ယဉ်ဝင်း၏ နေအိမ် အတွင်းကျလာခဲ့သဖြင့် ခြံဘေးချင်းကပ်နေတဲ့ ဦးစိန်ထွန်း ၄၅ နှစ် သေဆုံးပြီး ဒေါ်ဆီးတူ (ခေါ်) ဒေါ်နွဲယဉ်ဝင်း၊ မခင်ဦး နှင့် မောင်ဇော်ဆန်းတို့မှာ ဒဏ်ရာပြင်းထန်စွာရခဲ့သဖြင့် ပုဏ္ဏားကျွန်းဆေးရုံသို့ ပို့ဆောင်ကာဆေးဝါးကုသမှု ခံယူခဲ့ရကြောင်းလည်းသိရသည်။

ဆေးဝါးကုသနိုင်ရန်အတွက် ယခင်က အဖွဲ့အစည်းတချို့မှာ လာရောက်ကာ အလှူငွေများပေးအပ်မှု ရှိခဲ့သော်လည်း လက်ရှိအချိန်တွင်မရရှိတော့သဖြင့် ဆေးဝါးကုသမှုပိုင်း၌ အခက်အခဲကြုံနေရသလို ပုဏ္ဏားကျွန်းမြို့ပေါ်သို့ သွားရောက်သည့်နေရာတွင်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် များစွာ အခက်ကြုံနေရသည်ဟု လည်း ဦးအင်္ဂါအောင်ကပြောသည်။

https://www.facebook.com/102405104899336/posts/214570417016137/

Leave a Reply

Your email address will not be published.