ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် NLD ကိုယ်စားလှယ်အဖွဲ့ ရခိုင်အမျိုးသားပါတီ (ANP)နှင့် တွေ့ဆုံရန် အကြောင်းကြားမှု မရှိသေး

By Narinjara/ 2021 January 14

ဇော်ဝင်းဌေး(ငခူချောင်း)

ဒေါက်တာအောင်မိုးညိုဦးဆောင်သည့် NLD ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ရခိုင်အမျိုးသားပါတီ (ANP)နှင့် တွေ့ဆုံရန်ကမ်းလှမ်းလာမှု မရှိသေးဟု ပါတီထိပ်တန်းတာဝန်ရှိသူများက ပြောကြားသည်။ANP ဥက်ကဋ်ဌ ဦးသာထှနျးလှက “ လောလောဆယျတော့ သတငျးမီဒီယာက တစျဆငျ့ အခွားသော ဒသေခံပါတီတှနေဲ့ တှေ့ဆုံမှုတှရှေိတယျ။ ဒါပမေယျ့ တှေ့ဆုံမှု ပကြျသှားတာတှလေညျး တှေ့ရတယျ။ လကျရှိအခြိနျထိတော့ ကြှနျတောျတို့ ပါတီကို တရားဝငျ ကမျးလှမျးလာတာမြိုး မရှိသေးဘူး။ ကမျးလှမျးလာရငျတော့ ကမျးလှမျးမှုပေါျမူတညျဆုံးဖွတျမှာပါ။ ပါတီနဲ့ တှေ့ဆုံတာမြိုး မဟုတျဘဲ အနိုငျရ လှှတျတောျကိုယျစားလှယျမြားတှနေဲ့သာ တှေ့ဆုံမယျဆိုရငျတော့ ဒါကတော့ မဖွစျသငျ့ဘူးလို့ ပွောခငြျပါတယျ” ဟု နိရဉ်စရာသို့ ပွောသညျ။NLD မှ နိုဝင်ဘာ (၁၂) ရက်နေ့က ပေးပို့သော စာတစ်စောင်ကိုသာ လက်ခံရရှိခဲ့ပြီး တွေ့ဆုံညိုနိူင်းမှု နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိသေးဟု ဦးသာထွန်းလှက ဆက်ပြောသည်။NLD ပါတီ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၂၉ ရက်က NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ တာဝန်ပေးချက်အရ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံမည့်အဖွဲ့တွင် ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ ပါဝင်သည်။၎င်းနောက် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရန် ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်သို့ သွားရောက်ခဲ့ရာ မွန်ညီညွတ်ရေးပါတီ (Mon Unity Party/MUP) နှင့် တွေ့ဆုံမည့် အစီအစဉ်မှာ ပျက်ပြားသွားခဲ့သည်ဟု သိရသည်။ရခိုင်အမျိုးသားပါတီ(ANP)မှ နိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က “ ပါတီနဲ့ တွေ့ဆုံဖို့ကိစ္စကို ပါတီဗဟိုအလုပ်အမှုဆောင်မှ ဆုံးဖြတ်မှာပါ။ ပါတီရဲ့မူအနေနဲ့ကတော့ တွေ့ဆုံမှုတွေ၊ နိုင်ငံရေးကိစ္စ ဆွေးနွေးမှုတွေဆုံးဖြတ်ရမှာက ပါတီဗဟိုအလုပ်မှုဆောင်က ဆုံးဖြတ်ရမှာပါ” ဟုပြောသည်။၂ဝ၂ဝ နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ သည် ရခိုင်ပြည်နယ်မှ ကျင်းပခွင့်ရခဲ့သည့် မြို့နယ် ၈ ခုတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၇ နေရာဖြင့် အများဆုံးအနိုင်ရရှိထားပြီး ၂ဝ၁၅ ရွေးကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာအများစုကို အနိုင်ရရှိခဲ့သော်လည်း အစိုးရဖွဲ့ခွင့် မရရှိခဲ့ကြောင်း သိရသည်။အဆိုပါကိုယ်စားလှယ်အဖွဲ့သည် လက်ရှိတွင် ကိုဗစ်ကာလဖြစ်သောကြောင့် ဒေသခံပါတီများနှင့် တွေ့ဆုံခြင်းမရှိဘဲ အနိုင်ရပါတီကိုယ်စားလှယ်များဖြင့်သာ တွေ့ဆုံဆွေးနွေးပြီး NLD ဗဟိုထံ တင်ပြနေကြောင်း သိရသည်။၄င်းအဖွဲ့သည် တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံရာတွင် နေရာရွေးချယ်မှုနှင့် ပတ်သက်ပြီး အဆင်မပြေမှုများရှိနေသလို အနိုင်ရပါတီ ကိုယ်စားလှယ်များဖြင့်သာတွေ့ဆုံရန်နှင့် ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အဆိုပါ အဖွဲ့အစည်းအနေဖြင့် တစ်စုံတစ်ရာဆုံးဖြတ်ချက် မပေးနိုင်သဖြင့် ဝေဖန်မှုများလည်း ရှိနေသည်။

https://www.facebook.com/151742128171206/posts/3959243374087710/

Leave a Reply

Your email address will not be published.