By Western News/ 2021 January 22
အောင်စိုး

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုမရှိသည်မှာ နှစ်လကျော်ကြာမြင့်လာပြီဖြစ်သော်လည်း တင်းမကျေးရွာအနီးရှိတောင်ရှည်တောင်ပေါ်၌ တပ်မ-၅၅ စခန်းရှိသေးသဖြင့် မိမိတို့မှာနေရပ်မပြန်နိုင်ဘဲဖြစ်နေသည်ဟု တင်းမကျေးရွာသားများကပြောဆိုကြသည်။တိုက်ပွဲအတွင်းနှစ်ဖက်တပ်ဖွဲ့တို့အသုံးပြုခဲ့သော မြေမြုပ်မိုင်းများ ကိုရှင်းလင်းမှုမရှိသေးခြင်း၊ ကျေးရွာမီးရှို့ခံခဲ့ရခြင်း၊ မတ်လအတွင်းက ကျေးရွာသား ၂၁ ဦးကိုဖမ်းဆီးသွားပြီးနောက် ၁၀ လကြာသတင်းအစ အနမရရှိခြင်းစသည် အဖြစ်အပျက်များရှိခဲ့သဖြင့် နေရပ် မပြန်ရဲကြခြင်းဖြစ်သည်ဟု ကျောက်တော်မြို့ မဟာကံကြီးရှင်စစ်ဘေးရှောင်စခန်း၌ခိုလှုံနေသည့် တင်းမျကျေးရွာသား ဦးမောင်လှစောကပြောသည်။” ကျွန်တော်တို့ကိုယ့်ရွာကိုအရမ်းပြန်ချင်တယ်။ ဒါပေမဲ့ တပ်မတော်က တောင်ရှည်တောင်မှာစခန်း ချထားတုန်းပဲ။ မိုင်းအန္တရာယ်လည်းရှိသေးတယ်။ ရွာလည်းမီးတိုက်ခံရတယ်။ ကျွန်တော်တို့ရွာကိုပြန်သွားရင် အရင်တစ်ခါလိုပြန်ဖြစ်မှာကို ကြောက်တယ်။ အဓိကတပ်မတော်သားတွေရှိလို့မပြန်ရဲကြတာ။ တပ်မတော်သား တွေမရှိတော့ဘူးဆိုရင် အခုပြန်ချင်တယ်”ဟု ပြောသည်။အလားတူ မိမိတို့ကကျေးရွာကိုပြန်သွားလျင် တပ်မတော်နှင့် အစိုးရတို့က မိမိတို့အပေါ်တာဝန်ခံမှု၊ တာဝန်ယူမှုပေးရမည်ဖြစ်ကြောင်းနှင့် မီးလောင်ရာ၌ဆုံးရှုံးသွားသည့် ပစ္စည်းများကိုလျော်ကြေးပေးပြီးမှ ပြန်သွားနိုင်မည်ဖြစ်ကြောင်း တင်းမ(သစ်)ကျေးရွာမှ ဦးထွန်းဦးကျော်ကပြောသည်။” တပ်မတော်သားတွေကရွာကိုဝင်လာတယ်။ ပြီးတော့ ရွာသားတွေကိုဖမ်းတယ်။ ဒါကြောင့် တပ်မတော်သားတွေကို ကြောက်လို့ ကျွန်တော်တို့ စစ်ဘေးရှောင်စခန်းတွေကိုပြေးလာကြရတာ။ အခုလည်းတပ် မတော်သားတွေက ရွာမှာရှိတယ်။ ပြန်သွားရရင်လည်း နေစရာအိမ်ရှိတော့မှာမဟုတ်ဘူး။ ဒါပေမဲ့ အခုပြန်လို့ရရင်အခုပြန်ချင်တယ်။ ဘယ်လိုပဲနေရနေရ ရွာမှာဆိုရင်နေပျော်တယ်”ဟု ပြောသည်။ပြီးခဲ့သည့်မတ်လ ၁၃ ရက်နေ့တွင် တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ပေါ်၌ တပ်စွဲထားသည့် တပ်မ ၅၅ မှ တပ်မတော်သားများက တင်းမ(သစ်)ကျေးရွာမှ ကျေးရွာသား ၈ ဦးကိုလည်းကောင်း၊ မတ်လ ၁၆ ရက်နေ့တွင် တင်းမ(ကြီး)ကျေးရွာမှ ၁၀ ဦးနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အစောင့်အဖြစ်ချန်ထားခဲ့သူ ၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဖမ်းဆီခံရသူများ၏ မိသားစုများကပြောသည်။သို့သော်လည်း တင်းမကျေးရွာသားများဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် တစ်စုံတစ်ရာ သိ ရှိမှုမရှိသေးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေအဖွဲ့က ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုခဲ့သည်။ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် အေအေတို့ နှစ်ဖက်တိုက်ပွဲကြောင့် တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများမှာ ဒေသခံများမှာ မိမိတို့ကျေးရွာတွင် မနေရဲတော့ဘဲ နေရပ်ကိုကိုစွန်ခွာကာ စစ်ဘေးဒုက္ခသည်စခန်းတွင်နေထိုင်နေကြသည်မှာ တစ်ချို့က ၃နှစ်နီးပါးထိကြာမြင့်နေပြီဖြစ်သည်။သို့သော် တစ်ချို့သော ရပ်ရွာမှားမှ စစ်ဘေးဒုက္ခသည်များမှာ ၎င်းတို့ ရပ်ရွာနှင့် ရပ်ရွာအနီး၌ မြန်မာ့တပ်မတော်က တပ်စွဲထားမှုများရှိနေသည့်အတွက် အိမ်မပြန်ရဲကြပေ။ တစ်ချို့တွင် တိုက်ပွဲအတွင်း နေအိမ်များ မီးလောင်ဆုံးရှုံး ခဲ့သည့်အတွက် အိမ်ကိုမပြန်နိုင်သေးဘဲ စစ်ဘေးဒုက္ခသည်စခန်းတွင် ဆက်လက်နေထိုင်နေကြသည်။နိုဝင်ဘာလထဲမှစ၍ တိုက်ပွဲရပ်တန့်နေ သည့်အတွက် နေရပ်ကိုပြန်သွားသဖြင့် ဒီဇင်ဘာ ၃ရက်နေ့အထိ REC၏ စာရင်းအရ စစ်ဘေးဒုက္ခသည်စခန်းပြင် ပနှင့်စခန်းထဲတွင်နေထိုင်သည့် ဦးရေမှာ ၁၉၄၀၉၄ဦးထိရှိသည်။ယင်းပြင် ဇန်နဝါရီ ၁၂ရက်နေ့ထိ REC၏ စစ် ဘေးဒုက္ခသည် စာရင်းအရ စစ်ဘေးရှောင်စခန်းနှင့် စခန်းပြင်ပတွင်နေထိုင်သူ စုစုပေါင်း ၁၈၅၆၃၁ဦးထိရှိသည်။တစ်ချို့သော စစ်ဘေးဒုက္ခသည်များမှာ အိမ်ပြန်သွားကြသော်လည်း ရပ်ရွာအနီးတောင်များတွင် မိုင်းပေါက်ကွဲ မှုများမကြာခဏဖြစ် ပွားနေနေပြီး တောတောင်ကို အမှီပြုကာလုပ်ကိုင်စားသောက်နေသူများဖြစ်သည့်အတွက် မိုင်းရှင်းလင်းရေးလုပ်ပေးရန်လို အပ်ကြောင်းလည်း စစ်ရှောင်စခန်းနေသူများနှင့် အိမ်ပြန်သွားကြသူများကဆိုထားသည်။စစ်ရေးပဋိပက္ခအတွင်း ကျောက်တော်မြို့နယ်၌ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး ယခုနှစ် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ အရပ်သားသေဆုံးသူဦးရေ ၅၀ ဦး၊ ဒဏ်ရာရရှိသူဦးရေ ၂၁၆ ဦးနှင့် စစ်ကြောရေး အတွင်း ဖမ်းဆီး၊ ပျောက်ဆုံးသွားသူဦးရေ ၁၀၅ ဦးအထိရှိသည်ဟု အရပ်ဖက်အဖွဲ့အစည်း များ၏အချက်အလက် အရသိရသည်။
Western News- WN
https://www.facebook.com/102405104899336/posts/216508613488984/