တပ်မတော်၊ လူ့အခွင့်အရေးကော်မရှင် အပါအဝင် ဘယ်သူကမှ တာဝန်မခံတဲ့ တင်းမကျေးရွာသား ၂၁ ဦး ပျောက်ဆုံးနေမှု တရားမျှတမှု ရနိုင်ပါဦးတော့မလား

“ဒီနိုင်ငံက တရားရုံးတွေက ပြည်သူတွေကို အကာအကွယ်မပေးဘူးဆိုရင် ပြည်သူတွေကို ဘယ်တရားရုံးက အကာအကွယ်ပေးနိုင်မလဲ။ ဆိုလိုတာက ICJ ကအကာအကွယ်ပေးနိုင်မလား။ ဒါမှမဟုတ် ICJ ထက်ကြီးတဲ့နေရာက ကျွန်တော်တို့ကို အကာအကွယ်ပေးနိုင်မလား”By ရန်ကုန်ခေတ်သစ်ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ တင်းမရွာသား ၂၁ ဦးပျောက်ဆုံးနေမှုတွင် တပ်မတော်က ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များနှင့် ဒေသခံများက အခိုင်အမာပြောဆိုလျက်ရှိသော်လည်း တပ်မတော်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က တပ်မတော်လက်ထဲတွင် ရွာသားများ မရှိဟု ငြင်းဆိုထားသည်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ နှောင်းပိုင်း နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် ယင်းကိစ္စကို သေချာ မသိရှိသေးကြောင်း၊ လမ်းကြောင်းများစွာမှ မိသားစုဝင်များအနေဖြင့် တိုင်ကြားနိုင်ကြောင်း အတိအလင်းထုတ်ဖော်ပြောဆိုသည်။ လက်ရှိအချိန်အထိ ရွာသားများ ပျောက်ဆုံးနေဆဲဖြစ်ရာ ပျောက်ဆုံးရွာသားများအတွက် တရားမျှတမှုရရှိရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဇော်ဝင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

https://www.facebook.com/385165108587508/posts/1101334653637213/

Leave a Reply

Your email address will not be published.