By Myanmar now/ 2021 January 26
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် Development Media Group (DMG)၏ အယ်ဒီတာတစ်ဦးနှင့် သတင်း ထောက်တစ်ဦးကို တပ်မတော်အရာရှိတစ်ဦးဖြစ်သည့် ဗိုလ်မှူးဘုန်းမြင့်ကျော်မှ တရားလိုပြုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စစ်တွေနယ်မြေရဲစခန်းတွင် ဇန်နဝါရီလ ၂၂ ရက်နေ့က အမှုဖွင့်ထားသည့် ကိစ္စကို စာနယ်ဇင်းကောင်စီအား ကြားဝင်ဖြေရှင်းပေးရန် ဇန်နဝါရီ ၂၅ ရက်နေ့တွင် တိုင်ကြားလိုက်ပါသည်။
ဇန်နဝါရီ ၁၀ ကဖော်ပြခဲ့သည့် “ကျောက်တော်မြို့နယ် မာလာကျေးရွာက စပါးတောင်း ၇၀၀ ကို တပ်မတော်သား များယူဆောင်သွားဟုဆို” ဆိုသည့်သတင်းကြောင့် သတင်းရေးသားခဲ့သည့် သတင်းထောက် မနှင်းနွယ်နှင့် ဒုတိယတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံကို အမှုဖွင့်လှစ်ခဲ့တာြဖစ်သည်။ DMG သတင်းဌာနကို၂၀၁၂ တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း သတင်းများကို ရေးသားဖေါ်ပြနေကာ သတင်းဌာန၏ အင်တာနက်ဝက်ဘ်ဆိုက်လည်း လက်ရှိအချိန်ထိ အပိတ်ခံထားရဆဲဖြစ်သည်။