By Western News/ January 2/2021

– အောင်စိုးဇွန်နဝါရီ ၂ ရက်ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ကျေးရွာသား ၂၁ ဦးအား တပ်မတော်မှဖမ်းဆီးခေါ် ဆောင်မှုမရှိကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးမှ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြန်စာပေးပို့လာသည်ဟု ရခိုင့်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ကပြောသည်။ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းက “တင်းမရွာကဖမ်းဆီးခံမိသားစု ၂၀ ကျော်က ကျွန်တော့်တို့ကိုတိုင်ကြားလာတယ်။ ရွာသားနှစ်ဆယ့်တစ်ယောက်ကို တပ်မ ၅၅ ကဖမ်းဆီးသွားတယ် ဆိုပြီးတော့။ ဖမ်းသွားတာက သူ့တို့မျက်စီးရှေ့က ဖမ်းသွားတယ်လို့ပြောတယ်။ ဒါကိုမိသားစုနဲ့ ကျွန်တော်တို့ ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားစာ ပေးပို့ခဲ့တယ်။ သူတို့ဆီကပြန် လာတာက တင်းမရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်မှုမရှိဆိုပြီးတော့ အကြောင်းပြန်လာတယ်”ဟု ပြောသည်။ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့တွင် တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ပေါ်၌ တပ်စွဲထားသော တပ်မ ၅၅ မှ တပ်မတော်သားများက ကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး တင်းမ(သစ်)ကျေးရွာမှ ၈ ဦးကို လည်းကောင်း၊ မတ်လ ၁၆ ရက်နေ့တွင် တင်း(မကြီး) ကျေးရွာမှကျေးရွာသား ၁၀ ဦးနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်ရစ်ခဲ့သူ ၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ကာယကံရှင်မိသားစုဝင်များကအခိုင်အမာ ပြောဆိုကြသည်။ဖမ်းဆီးခံရသူ ဦးမောင်ကြည်လင်း၏အစ်မဖြစ်သူ ဒေါ်မြဝင်းကြည်က တပ်မတော်သားများက မိမိတို့နေအိမ်သို့ ဝင်ရောက်လာကာ မောင်ဖြစ်သူကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၎င်းကိုမြန်မာနိုင်ငံမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဖမ်းဆီးသွားမှုမရှိဟုအကြောင်းပြန်လာခြင်းမှာ မဟုတ်မမှန်လိမ်လည်မှုသာဖြစ်ကြောင်း ပြောသည်။“ကျွန်မမောင်ကိုကျတော့ အိမ်ထဲကိုဝင်လို့ဖမ်းသွားတာ။ ကျွန်မမောင်ကအိမ်မှာထမင်းစားနေတာ။ ဒါကို လူ့အခွင့်အရေးကော်မရှင်က တပ်ကဖမ်းဆီးသွားတာမရှိလို့ ပြောလာတာဟာမဟုတ်မမှန် လိမ်တာပဲဖြစ်တယ်။ ကျွန်မတို့က ဖမ်းသွားတာကို မျက်စိနဲ့မြင်တယ် ။ အခုဆိုရင်သူတို့သတင်းကိုမကြားရတာ ၁၀ လရှိနေပြီ”ဟု ပြောသည်။မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ရေးကော်မရှင်က တင်းမရွာသားများ ပျောက်ဆုံးနေမှုနှင့် ပတ်သက်ပြီး တိုင်တန်းစာအပေါ် ထိရောက်စွာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်းမရှိဘဲ ယခုလိုအကြောင်းပြန်လာသဖြင့် မိမိတို့အဖွဲ့အစည်းအနေဖြင့် ၎င်းတို့အပေါ် ယုံကြည်မှုမရှိကြောင်း ဦးမြတ်ထွန်းကပြောသည်။“ ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့အနေနဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို လုံးဝယုံကြည်မှုမရှိ”ဟု ပြောသည်။တင်းမကျေးရွာမှ ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက ကျောက်တော်မြို့နယ်ရဲစခန်း၌ ဒီဇင်ဘာလ ၈ ရက်နေ့က အမှုဖွင့်ရန်တိုက်ကြားခဲ့ကာ အမှုနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့က ပျောက်ဆုံးနေသူများ ၏ မိသားစုဝင်များကို မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သည့်လူ့အခွင့်အရေး ချိုးဖောက်ခံရသောကိစ္စရပ်များနှင့် ပတ်သက်၍မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်အနေဖြင့် အလွန်တရာမှအာရုံစူးစစ်မှု အားနည်းလျက်ရှိသည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ဝေဖန်ပြောဆိုသည်။“ကော်မရှင်က ရခိုင်နဲ့ပတ်သက်တဲ့လူ့အခွင့်အရေးကိစ္စရပ်တွေကို အလွန်တရာအာရုံစူးစစ်မှုအားနည်းတယ်။ သူတို့စိတ်ဝင် စားမှု အားနည်တာကိုမြင်ရတယ်။ ကျွန်တော်တို့က စစ်ကြောရေးတွေမှာ ဒဏ်ရာရလို့၊ သေလို့၊ ဒီကိစ္စတွေကို သက်သေအထောက်အထားတွေနဲ့ကျွန်တော်တို့တင်ခဲ့တယ်။ ဒါကိုသူတို့ဖက်က စုံစမ်းစစ်ဆေးတာတွေမရှိဘူး ” ဟုပြောသည်။တင်းမ (သစ်) ကျေးရွာမှ ဖမ်းဆီးခံရသူ ၈ ဦးမှာ ဦးမောင်စိန်ကြီး၊ ဦးလှကျော်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးစောရွှေသန်းတို့ဖြစ်သည်။ထို့အတူ တင်းမ (ကြီး) ကျေးရွာမှ ၁၀ ဦးနှင့် ဘုန်းတော်ကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်ရစ်ခဲ့သူ ၃ ဦးတို့မှာ ဦးမောင်ကြည်လင်း၊ ကိုနေလင်းဦး၊ ဦးမောင်ဝင်းကြီး၊ ဦးမောင်ဝင်းချေ၊ ဦးမောင်စိန်ဝင်း၊ ဦးအောင်ညွှန့်၊ မောင်ထွန်းထွန်းဝင်း၊ ဦးယဉ်မောင်၊ ဦးသန်းမောင်ထွန်း၊ ဦးထွန်မောင်ဝင်း၊ ဦးထိပ်စု၊ ဦးအောင်သာဘန်းနှင့် ဦးဇော်မျိုးနိုင်တို့ဖြစ်သည်။တင်းမကျေးရွာသားများဖမ်းဆီးခံရမှုနှင့် ပတ်သက်၍တပ်မတော်အနေဖြင့် မသိရှိသေးကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေအဖွဲ့မှ ဥက္ကဋ္ဌဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။
Western News-WN
https://www.facebook.com/102405104899336/posts/203687664771079/