By RFA/ 2021 January 27
■ တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတဲ့ ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာနက သတင်းထောက်နှစ်ဦးကို ဇန်နဝါရီလ ၂၆ ရက်နေ့ မနေ့ညနေက စစ်တွေမြို့ အမှတ်(၂) ရဲစခန်းမှာ ခေါ်ယူစစ်ဆေးခဲ့ပြီး ည ၈ နာရီကျော်အချိန်မှာ အာမခံနဲ့ ပြန်လွှတ်လိုက်ပါတယ်။ ကျောက်တော်မြို့နယ် မာလာ(ရခိုင်) ကျေးရွာမှာ ရွာသားတွေ ထွက်ပြေးစစ်ဘေးရှောင်နေကြချိန် တပ်မတော်သားတွေက ကျေးရွာထဲဝင်ရောက်ပြီး ရွာသားတွေ ပိုင်ဆိုင်တဲ့ စပါးတောင်း ၇၀၀ ကို ယူဆောင်သွားတဲ့အကြောင်း DMG သတင်းဌာနက ဇန်နဝါရီလ ၁၀ ရက်နေ့က သတင်းဖော်ပြခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ DMG သတင်းဌာနက သတင်းထောက် မနှင်းနွယ်နဲ့ ဒုတိယ တာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံတို့ နှစ်ဦးကို ဗိုလ်မှူး ဘုန်းမြင့်ကျော်က တရားလိုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ – ၆၆ (ဃ)နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က အမှုဖွင့်ထားတာပါ။
ရိုက်ကူး – နီမင်းထွန်း/ RFA
https://www.facebook.com/39218993127/posts/10160744013783128/