စစ်ရှောင်တွေနေရပ်ပြန်နိုင်ရေးအတွက် အာမခံချက်ပေးဖို့တောင်းဆို

By Development Media Group / January 22 / 2021

စစ်ရေးပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာကြသည့် ရခိုင်က စစ်ဘေးရှောင်တွေဟာ သူတို့ရဲ့ နေရပ်ကိုပြန်နိုင်ရေးအတွက် အာမခံချက်ပေးဖို့ တောင်းဆိုကြပါတယ်။လက်ရှိမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေရပ်တန့်နေတာ နှစ်လကျော်အထိရှိလာပေမယ့် နှစ်ဖက်နားလည်မှုနဲ့ရပ်တန့်နေတာဖြစ်ပြီးတော့ အပစ်အခတ်ရပ်စဲရေးလက်မှတ် မထိုးရသေးပါဘူး။ဒါကြောင့်ပဲ စစ်ဘေးရှောင်တွေဟာ တိုက်ပွဲတွေထပ်ဖြစ်လာမှာကို စိုးရိမ်မှုရှိနေကြပါတယ်။ တစ်ဖက်မှာလည်း မိုင်းနဲ့စစ်ကျန်လက်နက်တွေရဲ့အန္တရာယ်ဟာ စစ်ဘေးရှောင်တွေနေရပ်ပြန်ရေးမှာ အဟန့်အတားတစ်ခုလိုဖြစ်နေပါတယ်။

https://www.facebook.com/dmgnewsagency/videos/254683379374360

https://www.facebook.com/466648543487562/posts/1926469690838766/

Leave a Reply

Your email address will not be published.