စစ်ဘေးရှောင်စခန်းများတည်ဆောက်ရာတွင် ကျပ်သန်းပေါင်း ၂၂၂၉ ကျော် သုံးစွဲခဲ့ဟု ရခိုင်ဝန်ကြီးချုပ်ပြောဆိုမှု ရခိုင်အရပ်ဘက် အဖွဲ့အစည်းများဝေဖန်

By Western News/ 2021 January 14

ခိုင်ဇော်ထွန်း

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များအတွက် စစ်ဘေးရှောင်စခန်းတည် ဆောက်ရာတွင် ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရထောက်ပံ့ငွေပေါင်း ကျပ်သန်းပေါင်း ၂၂၂၉ ကျော် သုံးစွဲခဲ့ကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့က ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်အစည်းအ‌ဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုပြောကြားခဲ့သည့်မိန့်ခွန်း၌ ထည့်သွင်းပြော ကြားခဲ့သည်။ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်းပေါင်း ၁၄၈ ခုရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးမှ ထုတ်ပြန်ထားပြီး ယင်းသို့စစ်ရှောင်စခန်းများ တည်ဆောက်ရာ၌ အစိုးရအဖွဲ့ တာဝန်ယူတည်ဆောက်ပေးသော စစ်ရှောင်စခန်းမှာ ၁၀ ခုနီးပါးတောင် မရှိကြောင်းနှင့် ငွေကျပ်သန်းပေါင်း ၂၂၂၉ ကျော် သုံးစွဲပြီး အကုန်ကျခံဆောက် လုပ်ပေးခဲ့သည်ဟုပြောဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း ရခိုင်မျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။“၂.၂၂၉ ဘီလီယံလောက်ထိ မကုန်နိုင်ဘူး။ ကျွန်တော်တို့သိရသလောက်ကတော့ ရခိုင်ပြည်နယ်မှာ အစိုးရက ဆောက်လုပ်ပေးတဲ့ စစ်ဘေးရှောင်စခန်းဟာ ၁၀ ခုတောင်မပြည့်ဘူး။ သူတို့ဆောက်လုပ်ပေးခဲ့တဲ့ စခန်းတွေဟာ လည်း အရည်အသွေးညံ့တယ်။ အစိုးရက ငွေအဲဒီလောက်ထိသုံးစွဲခဲ့တယ်ဆိုရင်လည်း တကယ်တမ်းကျတော့ အဲဒီငွေနဲ့ထိုက်တန်တဲ့ စစ်ဘေးရှောင်တွေခိုလှုံတဲ့ နေရာကောင်းတစ်ခုမဖြစ်ခဲ့ဘူး”ဟုပြောသည်။အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများအားလုံးကို မရှင်းပြနိုင်သော်လည်း စစ်ဘေးရှောင်စခန်းတစ်ခုစီတွင် အဆောက်အဦး ဆောက်လုပ်သည့်စာရင်းများ၊ အိမ်သာဆောက်လုပ်သည့်စာရင်းများ၊ နောက်ပြီးတခြားစာ ရင်းများကို အစိုးရထုတ်ပြန်ချက်တစ်ရပ် အနေဖြင့်သော်လည်းကောင်း၊ အစည်းအ‌ဝေးများတွင် တာဝန်ရှိသူများ ကိုခေါ်ယူပြီးသော်လည်းကောင်း စာရင်းဇယားများကို ချပြသင့်သည်ဟု ဦးဇော်ဇော်ထွန်းက ထောက်ပြသည်။ယင်းအပြင် ပြည်နယ်အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုအားနည်းပြီး အစိုးရမှ ဆောက်လုပ်ပေးထားသည့် စစ်ဘေးရှောင် စခန်းများတွင် ယနေ့အချိန်ထိ စစ်ဘေးရှောင်များဝင်ရောက်နေထိုင်မှုမရှိသည့်စခန်းများရှိနေပြီး ပြည်နယ်၏ ဘဏ္ဍာငွေကို စနစ်တကျအသုံးပြုမှု အားနည်းကြောင်းလည်း ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ပြောဆိုသည်။“အဓိကတော့ ပွင့်လင်းမြင်သာမှုအားနည်းနေတယ်။ ကျွန်တော်တို့ သိရသလောက်ဆိုရင်တော့ အစိုးရအနေနဲ့ စစ်ဘေးရှောင်စခန်းတွေ ဆောက်တဲ့အခါ ဘယ်အဖွဲ့က ဆောက်တာလဲ၊ ဘယ်လောက်ကုန်ကျသလဲဆိုတာကို ပွင့်လင်းမြင်သာစွာချပြတာမရှိဘူး။ အဲတာတွေ ကတော့ အားနည်းချက်ပေါ့။ နောက်ပြီးတော့ ငွေကြေးတွေက တစ်ချို့နေရာတွေမှာဆိုရင် အလဟသဖြစ်သွားတယ်။ ဥပမာ မြောက်ဦးမြို့နယ် နန်းကျားစခန်းမှာဆိုရင် ဒီနေ့ထိစစ်ဘေးရှောင်တွေ နေထိုင်တာမရှိဘူး။ ဒီဟာက တိုင်းပြည်(သို့)ပြည်နယ်ရဲ့ ဘဏ္ဍာငွေတွေကို အလဟသဖြစ်အောင်လုပ်တယ်ပေါ့။ တစ်နည်းဆိုရရင် ပြည်နယ်အစိုးရဟာ ငွေကြေးတွေကို စနစ်တကျ အသုံးပြုမှု အားနည်းနေတယ်”ဟု ဦးခိုင်ကောင်းစံကပြောသည်။ဝန်ကြီးချုပ်၏ မိန့်ခွန်းတွင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားတို့တွင် တိုက်ပွဲရှောင်စခန်း ၇ ခုကို ပြည်နယ်အစိုးရနှင့်ပြည်ထောင်စုအစိုးရမှ စုစုပေါင်းငွေကျပ် ၁၄၈၃.၅၅ သန်းဖြင့်ဆောက်လုပ်ပေးခဲ့ပြီး တိုက်ပွဲဖြစ်စဉ်များ ပိုမိုများပြားလာသည့်အတွက် ကျောက်တော် မြို့သစ်တိုက်ပွဲရှောင်စခန်းနှင့်မြေပုံမြို့နယ် အငူမော်ကျေးရွာအုပ်စုနှင့် အမ်းမြို့နယ်တို့တွင် ၁ ဆောင်ကို အခန်း ၂၀ ပါ တန်းလျား ၂၄ လုံးကို ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာရန်ပုံငွေနှင့် ပြည်ထောင် စုငြိမ်းချမ်းရေးရန်ပုံငွေများမှ ၇၃၅.၆၅၁ သန်းသုံးစွဲပြီးတည်ဆောက်လျှက်ရှိကာ နေရပ်စွန့်ခွာထွက်ပြေး လာသူများအတွက် စစ်ဘေးရှောင်စခန်းတည်ဆောက်ရာတွင် ပြည်နယ်အစိုးရနှင့်ပြည်ထောင်စုအစိုးရမှ ထောက်ပံ့ငွေပေါင်းက်ပ္သန္းေပါင္း ၂၂၂၉ ကျော် (၂.၂၂၉) ဘီလီယံ ကုန်ကျခဲ့ကြောင်းပြောဆိုသည်။ယင်းအပြင် တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများ၊ အဝတ်အစားများ၊ စခန်းနေကျောင်းသား၊ ကျောင်းသူများတွက် ယာယီစာသင်ကျောင်းများနှင့် အခြားလိုအပ်ချက်များအတွက် ရခိုင်ပြည်နယ် အစိုးရရန်ပုံငွေမှ ကျပ် ၉၇.၀၁၇ သန်းကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်သလို မြောက်ဦးဆရာတော်ဘုရားမှ လှူဒါန်းသည့် ကျပ်သန်း ၁၀၀ ကိုလည်း မြောက်ဦးမြို့နယ်မှ တိုက်ပွဲရှောင်စခန်းများကို ငွေသားအနေဖြင့် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။ဆက်လက်ပြီး တပ်မတော်မှ လှူဒါန်းထားသည့် ငွေကျပ် ၈၂၂ သန်းကိုလည်း တိုက်ပွဲရှောင်စခန်းများ ဆောက်လုပ်ခြင်း၊ စားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် အခြားလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း ဝန်ကြီးချုပ်က ထည့်သွင်းပြောဆိုထားသည်။

Western News- WN

https://www.facebook.com/102405104899336/posts/211613340645178/

Leave a Reply

Your email address will not be published.