စစ်တွေတပ်နယ်ဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး

By Narinjara/ 2021 January 14

အိမ်စိုးဖြူ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အမှတ်(၁၇) ကုတင် ၁ဝဝ တပ်နယ်ဆေးရုံတွင် ယနေ့ နံနက်က ကိုဗစ် အတည်ပြုလူနာတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။သေဆုံးသူမှာ အသက်(၅၆)နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း ရခိုင်ကိုဗစ် ၁၉ စောင့်ကြည့်လေ့လာရေး အဖွဲ့ မှသိရသည်။ရခိုင်ကိုဗစ်-၁၉ စောင့်ကြည့်လေ့လာရေးအဖွဲ့မှ ကိုဇော်လှိုင်ထွန်းက “ ကျွန်တော်တို့လည်း တပ်ထဲက သတင်းတော့ တိုက်ရိုက်မရဘူး။ အခုလည်း စစ်တွေဆေးရုံက တဆင့်ခံသိရတာပါ။ တပ်မတော်သားလား၊ မိသားစုဝင်လားတော့ မသိနိုင်ဘူး” ဟုပြောသည်။အဆိုပါ တပ်နယ်ဆေးရုံမှ ယနေ့ သေဆုံးသည့် ကိုဗစ်အတည်ပြုလူနာအပြင် လွန်ခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ကလည်း အသက် (၂၃)နှစ်အရွယ် လူနာတစ်ဦးသေဆုံးခဲ့ကြောင်း ရခိုင်ကိုဗစ်-၁၉ စောင့်ကြည့်လေ့လာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။သို့အတွက် စစ်တွေတပ်နယ် ခုတင် ၁ဝဝ ဆံ့ဆေးရုံတွင် ကိုဗစ်အတည်ပြု လူနာ သေဆုံးသူ ၂ ဦးရှိပြီဟု သိရသည်။၄င်းကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်အားဆက်သွယ်ရာ ဆက်သွယ်မှုမရရှိခဲ့ပါ။ရခိုင်ပြည်နယ်တွင် စစ်တွေမြို့တွင် ကိုဗစ်ကြောင့် သေဆုံးသူ ၁၉ ဦးရှိနေပြီး ရခိုင်တစ်ပြည်နယ်လုံးတွင် ၃၇ ဦးထိ ရှိသွားပြီဟု သိရသည်။

https://www.facebook.com/151742128171206/posts/3959099734102074/

Leave a Reply

Your email address will not be published.