By RFA / January 28 / 2021

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘုမေမွတ်ဆလင်ကျေးရွာမှာ ဇန်နဝါရီလ ၂၇ ရက်နေ့ မနေ့ည ၉ နာရီလောက်က မီးလောင်မှုဖြစ်ပွားလို့ နေအိမ်ငါးလုံးနဲ့ ကြက်မွေးမြူရေး အရောင်းဆိုင်တစ်ဆိုင် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ကြက်မွေးမြူရေးအရောင်းဆိုင်မှာ ကြက်တွေကို အမွှေးနှုတ်ဖို့ ရေနွေးအိုးတည်တဲ့ ထင်းမီးဖိုကနေတစ်ဆင့် အနီးမှာရှိတဲ့ ဝါးထရံကာကို မီးကူးစက်ပြီး စတင်လောင် ကျွမ်းတာလို့ ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
မနေ့ညကမီးလောင်မှုအတွက် မီးသတ်တပ်ဖွဲ့ဝင် ၇၅ ဦး၊ မီးသတ်ယာဉ် ၈ စီးနဲ့ မီးငြိမ်းသတ်ခဲ့ရာမှာ ၉ နာရီ မိနစ် ၅၀ လောက်မှာ မီးငြိမ်းသွားပါတယ်။မီးလောင်မှုဖြစ်ခဲ့တဲ့နေရာအနီးက နေအိမ် ၃ လုံးကိုပါ မီးမကူးစက်ရအောင် ဖြိုဖျက် လိုက်ရတယ်လို့ ရွာသားတွေကပြောပါတယ်။
အခုလက်ရှိမှာတော့ မီးလောင်ဆုံးရှုံးသွားတဲ့နေအိမ်တွေနဲ့ ဖြိုဖျက်လိုက်ရတဲ့ အိမ်တွေက လူ ၄၇ ဦးဟာ နီးစပ်ရာဆွေမျိုးတွေအိမ်မှာ ခိုလှုံနေကြရပါတယ်။
https://www.facebook.com/39218993127/posts/10160749500848128/