By Western News/ 2021 January 10
အောင်စိုး
တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများ၂ နှစ်နီးပါးကြာဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်၌ ပြည်သူများ မှာမကြာခဏဆိုသလို စစ်ကျန်လက်နက်များ၏ အန္တရာယ်ကြောင့် သေဆုံးမှု၊ ဒဏ်ရာရမှုများကိုကြုံ တွေ့ခံစားနေကြရသည်။ရခိုင်ပြည်နယ်အတွင်း စစ်ကျန်လက်နက်များပေါက်ကွဲခြင်း၊ မြေမြုပ်မိုင်း ပေါက်ကွဲခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည့် ဒေသခံပြည် သူ ၃၃ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ ၆၆ ဦးအထိရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်း အရုံး REC ၏ မှတ်တမ်းများအရသိရသည်။၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ကမင်းပြားမြို့နယ်၊ စပါးထားကျေးရွာမှ လူငယ်တစ်ဦးမှာ ကောက်ရခဲ့သည့်ဗုံးသီးတစ်လုံးကို ထုခွဲကြည့်ရာမှပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ၁ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့သည်။ ယင်းအပြင် ဇန်နဝါရီ လ ၄ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်ခဘော်ကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ တောင်ပေါ်သို့ထင်းခုတ် ရန်သွားရာ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် မျက်လုံးတစ်ဖက်နှင့် ခြေထောက်တစ်ဖက်ဆုံးရှုံးလိုက်ရသည်။ထို့ကြောင့် ရခိုင်ပြည်သူများမှာ အန္တရာယ်ကင်းရှင်းစွာနေထိုင်နိုင်ရန်အတွက် ကျေးရွာအနီးပတ်ဝန်းကျင်တို့၌ တိုက်ပွဲအတွင်း အသုံးပြုခဲ့ကြသောမပေါက်ကွဲသေးသည့်လက်နက်များ၊ မြေမြုပ်မိုင်းစသည်တို့ကို ရှင်းလင်းပေးရန် အစိုးရနှင့် နှစ်ဖက်စစ်တပ်တို့၌ အဓိကတာဝန်ရှိကြောင်းနှင့် ၎င်းပစ္စည်းများကိုရှင်းလင်းမှု များဆောင်ရွက်နေသည် ကိုမတွေ့ရှိရကြောင်း မင်းပြားဒေသခံ ကိုအမ်းသားကြီးကဆိုသည်။“ အဓိက ပြည်သူတွေအန္တရာယ်ကင်းစွာနေရဖို့ဆိုရင် လက်ရှိအစိုးရနဲ့ လက်နက်တွေ မိုင်းတွေကိုအသုံးပြုခဲ့ကြတဲ့နှစ်ဖက်စစ်တပ်မှာ တာဝန်ရှိတယ်။ အစိုးရက ငါးနှစ်တာသက်တမ်းတစ်လျောက်မှာ ရခိုင်ပြည်သူတွေ အတွက် ဘာတစ်ခုမှကောင်းအောင်မလုပ်ပေးနိုင်ခဲ့လို့ အဓိကအပြစ်အကြီးဆုံးက အစိုးရဖြစ်တယ်။ အခုအချိန်မှာလည်း မြေမြုပ်မိုင်းတွေကိုရှင်းလင်းပေးတာမတွေ့ရဘူး”ဟု ဆိုသည်။ယခုလို ရခိုင်ပြည်သူလူထုများမှာ မပေါက်ကွဲသေးဘဲကျန်ရှိခဲ့သောလက်နက်များနှင့် မြေမြုပ်မိုင်းများကြောင့် အသက်ဆုံးရှုံးနေကြရ သည့်အတွက် အသိပညာပေးလုပ်ငန်းများပြုလုပ် နိုင်ရန် အတွက် လူမှုရေးလုပ်ကိုင်ပေးနေသောအဖွဲ့အစည်းများကို အစိုးရအနေဖြင့် ပံ့ပိုးကူညီပေးရမည်ဖြစ် ကြောင်း ကိုအမ်းသားကြီးကပြောသည်။ယင်းအပြင် ရခိုင်ပြည်နယ်၌ ငြိမ်းချမ်းရေးသဘောဆောင်နေသည့်အချိန်အခါတွင် စစ်ဘေးရှောင်များမှာမိမိနေရပ် သို့ပြန်သွားကြမည် ဆိုလျင် သူတို့နေထိုင်ရာကျေးရွာတို့၌ မြေမြုပ်မိုင်းများရှိမရှိဆိုသည်ကို အစိုးရနှင့် တပ်မတော် တို့ ညှိနိုင်းပြီးလင်းရှင်းရေများ လုပ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်မြေမြုပ်မိုင်း ရှင်းလင်းရေး ကိစ္စများကို ဆောင်ရွက်နေမှုမရှိကြောင်း ဝံလက်ဖောင်ဒေရှင်းဒါရိုက်တာဦးခိုင်ကောင်းစံကပြောသည်။“အစိုးရအနေနဲ့ မြေမြုပ်မိုင်းလင်းရေးလုပ်တာတွေမရှိဘူး။ စစ်ဘေးရှောင်တွေက ရွာတွေကိုပြန်ရမယ်ဆိုရင် အဲဒီ ရွာအနီးနားတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တာတွေရှိလား၊ မိုင်းတွေထောင်လို့ရှိလားဆိုတာကို အစိုးရနဲ့တပ်မတော်တို့ ပေါင်းလို့လင်းရှင်းရေးတွေ လုပ်ဆောင် ပေးဖို့လိုတယ်။ဒါမှသူတို့က ရွာတွေကိုပြန်သွားလို့ရမှာ”ဟု ပြောသည်။အမ်းမြို့နယ်ရှိဒါးလက်အုပ်စုကျေးရွာများနှင့် ကဇူးကိုင်းအုပ်စုကျေးရွာများ၌ မြေမြုပ်မိုင်းကြောင့် သေဆုံးသွားသူ ၄ ဦး နှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူ ၅ ဦးအထိရှိကြောင်း၊ လက်ရှိအချိန်၌ ရခိုင်ပြည်နယ်မှာအပစ်အခတ်ရပ်စဲထား သော်လည်း ဒေသခံပြည်သူများမှာနေအိမ်မှ မိမိတို့ဥယျာဉ်၊ လယ်တောထဲသို့သွားလာမည်ဆိုလျင် မြေမြုပ်မိုင်း အန္တရာယ်ကိုကြောက်လန့် နေကြရသည်ဟု အမ်းဒေသခံကိုမျိုးလွင်ကပြောသည်။“ အမ်းမှာတော့ ဒါးလက်ကျေးရွာအုပ်စုနဲ့ကဇူးကိုင်းအုပ်စုမှာ မိုင်းပေါက်ကွဲလို့သေဆုံးသွားတဲ့သူ လေးယောက်နဲ့ ကိုယ်လက် အင်္ဂါဆုံးရှုံးသူက ငါးယောက်ရှိတယ်။ အခုဆိုရင်ဒေသခံတွေက အိမ်ကနေအပြင်သို့မသွားဝံ့ကြတဲ့အခြေအနေဖြစ်နေတယ်။ ဒီတော့ အစိုးရကအန္တရာယ်ကင်းအောင်လုပ်ပေးဖို့တာဝန်ရှိတယ်”ဟု ပြောသည်။လက်ရှိအချိန်၌ ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ ကျောက်တော်၊ ၊မင်းပြား ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင် စသည့်မြို့နယ်များ ရှိကျေးရွာများ၌ မြေမြုပ်မိုင်းအသိပညာပေးမှုများကိုREC အနေဖြင့် ဆောင်ရွက်နေကြောင်း ရခိုင်တိုင်းရင်း သားမျိုးနွယ်များအစည်းအရုံး REC အထွေအထွေအတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကပြော သည်။ရခိုင်ပြည်သူလူထုများ မြေမြုပ်မိုင်းကြောင့်ထိခိုက်နစ်နာမှုများမရှိနိုင်ရန်အတွက် မြေမြုပ်မိုင်းများအသုံးပြုကြသည့် နှစ်ဖက်တပ်ဖွဲ့ အနေဖြင့် ကန့်သတ်ဧရိယာများသတ်မှတ်ပြီးကာကွယ်ပေးသင့်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကထောက်ပြပြောဆိုလိုက်သည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးမင်းသန့်ကို ဆက်သွယ်ခဲ့ သော်လည်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက “ မိုင်းတွေကိုလင်းရှင်းတာကတော့ မိုင်းမြုပ်ထားတဲ့အဖွဲ့အစည်း တွေရှင်းလင်းရတယ်။ တပ်ကမြုပ်ထားတာတွေရှိရင်တပ်ကရှင်းပေါ့။ လက်နက်ကိုင်တွေကမြုပ်ရင်လက်နက်ကိုင် တွေကရှင်းပေါ့။ အခုတော့ NGO တစ်ခုတော့ ရှိတယ်။ ဘယ်အဖွဲ့အစည်းလည်းတော့မသိ။ ဒါပေမဲ့အပစ်ရပ်တာ တွေမသေချာသေးတော့ သူတို့လည်းရှင်းလို့မရဘူး။ NCA လက်မှတ် ထိုးထားတဲ့နယ်မြေတွေမှာ ပေါက်ကွဲမှုဖြစ် တာကတော့ တပ်နေရာချထားမှုတွေနဲ့ပတ်သက်လို့ သဘောတူညီမှုမရတဲ့ နေရာတွေမှာမရှိ ဘူးပေါ့။ သဘောတူ ညီမှုမရတဲ့နေရာတွေမှာကျတော့ပေါက်ကွဲမှုတွေရှိတယ်”ဟု ပြောသည်။
Western News- WN
https://www.facebook.com/102405104899336/posts/209668524172993/