By Western News/ 2021 January 20
ခိုင်ဇော်ထွန်း

ရခိုင်ပြည်နယ်အတွင်း တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် စစ်ဘေးရှောင်ဒုက္ခသည်များကျောက်တော်မြို့နယ်ထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စစ်ဆေးရန်ခေါ်ယူခဲ့ကြောင်းသိရသည်။
အဆိုပါဒုက္ခသည်များကို ယနေ့နေ့လည် ၂ နာရီကျော်ခန့်က ခေါ်ယူစစ်ဆေးခံရခြင်းဖြစ်ပြီး ညနေ ၆ နာရီကျော်အချိန်တွင်ပြန်လွှတ်ပေးလိုက်ကြောင်းသိရသည်။
ခေါ်ယူစစ်ဆးခြင်းခံရသူများမှာ မာလာကျေးရွာမှ ဦးစောရွှေသိန်းနှင့် မာလာကျးရွာမှ ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးဦးသန်းလှိုင်အပါအဝင် အခြားစစ်ဘေးရှောင်ဒုက္ခသည် ၆ ဦးကို ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးက ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
စစ်ဆေးရာတွင် ဆန္ဒဖော်ထုတ်ခြင်းသည် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နှင့်ငြိနေသည်ဟု မြို့နယ်အုပ်ချုပ်ရးမှူးကပြောဆိုခဲ့ပြီး နောက်နောင်ခွင့်ပြုချက်မရှိဘဲဆန္ဒပြလျှင် စခန်းမှထုတ်ပယ်သွားမည်ဟု စစ်ဆေးရာတွင်ပြောဆိုခဲ့ကြောင်း ခေါ်ယူစစ်ဆးခံခဲ့ရသူတစ်ဦးဖြစ်သည့် ဦးစောရွှေသိန်းက Western News ကိုပြောသည်။
“ကျွန်တော်တို့ကို ၂ နာရီကျော်လောက်က စစ်ဆေးဖို့ခါ်ယူခဲ့တယ်။ ညနေ ၆ နာရီကျာ်လောက်မှာ ပြန်လွှတ်လိုက်တယ်။ စစ်ဆေးတာမှာတော့ ဆန္ဒဖော်ထုတ်တာဟာ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ငြိတယ်ဆိုပြီးပြောတယ်။ ပြီးတော့ နောက်နောင်လုပ်စရာတွေ ရှိခဲ့ရင် စခန်းတာဝန်ခံရဲ့ခွင့်ပြုချက်နဲ့လုပ်ရမယ်လို့ပြောတယ်။ စခန်းတာဝန်ခံခွင့်မပြုရင် မည်သည့်အကြောင်းအရာကိုမျှမလုပ်ရဘူးလို့ပြောတယ်။ လက်မှတ်လဲထိုးခဲ့ရတယ်။ စခန်းတာဝန်ခံကလည်း လုပ်ရင် စခန်းကထုတ်ပယ်သွားမယ်လို့ပြောတယ်” ပြောသည်။
ဒုက္ခသည်များအား စစ်ဆေးရာတွင် ဆန္ဒထုတ်ဖော်သည့်နေရာသို့ မည်သည့်မီဒီယာများလာရောက်ခဲ့ကြောင်းမေးမြန်းမှုများရှိခဲ့သည်ဟု ဦးစောရွှေသိန်းက ပြောဆိုသည်။
ယင်းစစ်ဆေးမှုနှင့်ပတ်သက်၍ ကျောက်တော်မြို့မရဲစခန်းကို ယနေ့ ညနေတွင် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းခြင်းမရှိခဲ့ပါ။
အဆိုပါဆန္ဒထုတ်ဖော်မှုကို ကျောက်တော်မြို့ မဟာကံကြီးရှင်ဘုရားရင်ပြင်ပေါ်တွင် ဇန်နဝါရီလ ၁၉ ရက နေ့လည်ပိုင်း ၂ နာရီကျော်အချိန်ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်ဒုက္ခသည် ၃၀ ခန့်က မိနစ် ၃၀ ခန့်ကြာ ပိုစတာ၊ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ဆန္ဒပြခဲ့ရာတွင် စစ်ရှောင်ဒုက္ခသည်များတောင်းဆိုခဲ့သည့်အချက်များမှာ တပ်မတော်မှ တိုးချဲ့စစ်အင်အားများနှင့် စစ်စခန်းများချက်ချင်း ရုပ်သိမ်းပေးရန်၊ အကြမ်းဖက်ကျူးလွန်နေသောအစိုးရတပ်မတော်မှ တာဝန်ရှိသူများချက်ချင်းအရေးယူပေးရေး၊ ရွာသားပိုင် ပစ္စည်းများအား ရွာသားများလွတ်လပ်စွာသယ်ခွင့်ချက်ချင်းပေးရန်၊ ရွာသားများအား ရွာသို့ လွတ်လပ်စွာသွားလာခွင့်ပေးရေးနှင့် ရွာနှင့်အနီးပတ်ဝန်းကျင်များတွင် မြှပ်ထားသောမြေမြှပ်မိုင်းများကိုချက်ချင်းရှင်းလင်းရေးလုပ်ပေးရန်တို့တို့ပါဝင်သည်။
ဆန္ဒဖော်ထုတ်မှုကိုပြုလုပ်ခဲ့ရာတွင်လည်း စစ်ဘေးရှောင်များမှာ ကိုဗစ်စည်းကမ်းနှင့်အညီ mask တပ်၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ် ကြောင်းဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သူများကပြောဆိုထားသည်။
Western News-WN
https://www.facebook.com/102405104899336/posts/215371346936044/