ကိုဗစ်ကာလ မန္တလေးနဲ့ ရခိုင် ကုန်သွယ်မှု ဘယ်လိုအခြေအနေရှိနေလဲ-BBC News မြန်မာ

မန္တလေး-ရခိုင် ကုန်စည်စီးဆင်းမှု ဘာကြောင့် ကျဆင်းသွားလဲ

ကိုဗစ်အလွန်ကာလနဲ့ လက်ရှိအချိန်ထိ မန္တလေး-ရခိုင် ကုန်စည်ပို့ဆောင်ရေးပမာဏ ထက်ဝက်ကျော် ကျဆင်းသွားတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်နဲ့ ကုန်ပို့ဆောင်သူတွေက ပြောပါတယ်။

မန္တလေးဘက်ကနေ စားသောက်ကုန်နဲ့လူသုံးကုန် ၊ ဟင်းခတ်အမွှေးကြိုင်ကို အဓိကထားပို့ဆောင်ရပြီး ဘဂ်လားဒေ့ရှ်နယ်စပ်ကတဆင့် ရခိုင်ပြည်နယ်ဘက်ကနေ ရေထွက်ကုန်ပစ္စည်း၊ သံထည်ပစ္စည်းတွေကို တင်သွင်းရတာဖြစ်ပါတယ်။

ရခိုင်ဒေသခံ ဦးဟိန်းမင်းကျော်က ကိုဗစ်-၁၉ရောဂါကြောင့် ဒေသတွင်းမှာ အသွားအလာမရှိသလို အရောင်းအဝယ်တွေ မရှိသလောက်ဖြစ်ပြီး ကုန်စည်ပို့ဆောင်မှုတွေ လျော့ကျသွားလို့ ကုန်ဈေးနှုန်းအနည်းငယ် မြင့်တက်လာတယ်လို့ ပြောပါတယ်။

ယခင်က နေ့စဉ်တန်ချိန်ပေါင်း ငါးရာကျော် ကုန်စည်ပို့ဆောင်ရာကနေ ကိုဗစ်-၁၉ ဒုတိယလှိုင်းနောက်ပိုင်းမှာ တန်နှစ်ရာလောက်သာ ကုန်စည်ပို့ဆောင်တာ ရှိတယ်လို့ အဝေးပြေးကုန်စည်ပို့ဆောင်ရေးကနေ သိရပါတယ်။

ဘာကြောင့် မန္တလေး-ရခိုင် ကုန်စည်ပို့ဆောင်တာတွေ ကျဆင်းသွားရတာပါလဲ။ ရခိုင်ပြည်နယ်တွင်း ကုန်စည်စီးဆင်းမှုက ဘယ်လိုရှိနေပါလဲ။ ကိုဗစ်နဲ့ပက်သက်ပြီး ဒေသအဝင်အထွက် စစ်ဆေးမှုတွေမှာ ဘယ်လိုပုံစံရှိနေပါလဲ။ မန္တလေး-ရခိုင် ကုန်စည်ပို့ဆောင်ရေးမှာ ဆယ်နှစ်ကျော်အတွေ့ကြုံရှိတဲ့ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းက ဦးတင်မောင်ထွန်းကို မေးမြန်းထားပါတယ်။

https://www.facebook.com/BBCnewsBurmese/videos/501933107443701/

Leave a Reply

Your email address will not be published.